Myanmar မှာ ဝက်ဆိုက်
၂၀၂၄ ခုနှစ် နွေဦးပွဲတော်အားလပ်ရက်အတွင်း နှစ်သစ်ကူးပွဲတော်ဆင်နွှဲရန် တက်ဟုန်းသို့ လာရောက်ကြသည့် လူပေါင်း ၁.၇၁၉၄ သန်းရှိ ​



ယခုနှစ် နွေဦးပွဲတော်အားလပ်ရက်တွင် နွေးထွေးသော နေထိုင်ခြင်း အဆင်ပြေသော ဆောင်းရာသီရာသီဥတု၊ ဆွဲဆောင်မှုရှိသော အစားအစာများ၊ အရောင်အသွေးစုံလင်သော တိုင်းရင်းသားယဉ်ကျေးမှုနှင့် ထူးခြားသောနယ်စပ်ဓလေ့များကြောင့် တက်ဟုန်း၏ ခရီးသွား ဈေးကွက်သည် ပူနွေးသောအခြေအနေကို ပြသနေသည်။ တက်ဟုန်းသည် နိုင်ငံတစ်ဝှမ်းမှ နွေဦးပွဲတော်ကာလအတွင်း ကမ္ဘာလှည့်ခရီးသွားများအတွက် ရေပန်းစားသော နေရာများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

နွေဦးပွဲတော်အားလပ်ရက်တွင် တက်ဟုန်းပြည်နယ်ခွဲသည် ခရီးသွားဧည့်သည်ပေါင်း ၁.၇၁၉၄ သန်းကို လက်ခံခဲ့ပြီး အလားတူထက် ၁၇.၄၃% တိုးလာကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ် ၁.၉၃ ဘီလီယံရှိပြီး အလားတူထက် ၄၄.၃၅% တိုးလာခဲ့သည်။ ပြည်နယ်ခွဲတစ်ဝှမ်း တွင် ဗ အဆင့်ရှုခင်းသာနေရာ ၂၃ ခုသည် ခရီးသွား ၈၉၁၂၉၆ ဦးကို လက်ခံရရှိခဲ့ပြီး အလားတူ ထက် ၁၅၈.၉၉% တိုးလာပြီး လက်မှတ်အရောင်းဝင်ငွေ ယွမ် ၆.၆၆၀၁ သန်းရရှိခဲ့သည်။ မန်စီလေဆိပ်တွင် လေကြောင်းပျံသန်းမှုနှင့် ဆင်းသက်မှု ၅၇၄ ကြိမ်ရှိပြီး အလားတူထက်  ၆၉.၆၈% တိုးလာပြီး ခရီးသည်ဝင်ရောက်မှုမှာ ၆၉၄၃၃ ဦးနှင့် အလားတူထက် ၈၈.၈၀% တိုးမြှင့်လာခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် တက်ဟုန်းမန်စီလေဆိပ်သည် တစ်နေ့တာအတွင်း အဝင် အထွက် ပျံသန်းမှု စုစုပေါင်း ၇၈ စီးကို အာမခံပေးခဲ့ပြီး တစ်ရက်အတွင်းခရီးသည်ပို့ဆောင်နိုင်မှု ၁၀ဝ၀ဝ ကို ပထမအကြိမ် ကျော်လွန်ခဲ့ပြီး ခရီးသည် ၁၀ဝ၀၅ ဦးအထိ ရောက်ရှိခဲ့သည်။ ခရီးသည်တင်ဆောင်နှုန်းမှာ ၈၆% ကျော်လွန်ခဲ့ပြီး နွေဦးပွဲတော် ခရီးသွားလာချိန်မှစ၍ သမိုင်းဝင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ တက်ဟုန်းကိုဝင်ရောက်သည့် ကိုယ်ပိုင်မောင်းနှင်ကား ၄၇၁၄၈၉ စီးရှိပြီး အလားတူထက် ၆၃.၉၅% တိုးလာခဲ့သည်။

ဈေးကွက်ဘေးကင်းစေရန်အတွက် အားလပ်ရက်မတိုင်မီ အစီအစဉ်များပြုလုပ်

ပြည်နယ်ခွဲတစ်ဝှမ်းရှိ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းဈေးကွက်၏ ဘေးကင်းမှု၊ တည်ငြိမ်မှုနှင့် စည်းစနစ်ကျမှုရှိစေရန်အတွက် အားလပ်ရက်အကြို အစီအစဉ်များနှင့် စီမံခန့်ခွဲမှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။


ပြည်နယ်ခွဲတစ်ဝှမ်းရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနယ်ပယ်တွင် အဓိက အလုပ်စီမံခြင်း အစည်းအဝေးကို ကျင်းပပြီး ]]၂၀၂၄ ခုနှစ် နွေဦးပွဲတော်ကာလအတွင်း ယဉ်ကျေးမှုဆိုင်ရာ ခရီးသွား ဝန်ဆောင်မှုများ အာမခံချက်ဆိုင်ရာ သတိပေးချက်}} ထုတ်ပြန်ခြင်း၊ ပြည်နယ်ခွဲ တစ်ဝှမ်းရှိ ခရိုင်နှင့်မြို့များအားလုံးရှိ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး လုပ်ငန်းများတွင် ထုတ်လုပ်မှု ဘေးကင်း ရေးနှင့် အားလပ်ရက်ဈေးကွက်များကို ပူးတွဲကြီးကြပ်စစ်ဆေးရန် စစ်ဆေးရေးအဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်း ခြင်း၊ နွေဦးပွဲတော်ကာလအတွင်း စားသောက်ဆိုင်များဆက်လက်ဖွင့်လှစ်ရန် အားပေးခြင်း၊ ကောင်းမွန်သောလုပ်ငန်းပုံသဏာန်နှင့် ဈေးကွက်လုပ်ငန်းများကို စံပြုသတ်မှတ်ရန် ပြည်နယ် ခွဲတစ်ဝှမ်းရှိ ယဉ်ကျေးမှုနှင့်ခရီးသွားဈေးကွက် ဆိုင်ပိုင်ရှင်များ၊ ဝန်ထမ်းများ၊ ခရီးသွား အေဂျင်စီ များနှင့်ဧည့်လမ်းညွှန်များအား အဆိုပြုခြင်းနှင့် သတိပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ခရီးသွားများ တက်ဟုန်းသို့လာရောက်ရန် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို အာရုံစိုက်

ပြည်နယ်အဆင့်တိုင်းရှိ ယဉ်ကျေးမှုခရီးသွားဌာနများနှင့် ပေါင်းစပ်မီဒီယာစင်တာ များသည် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားဝါဒဖြန့်ချိမှု၏ အကြောင်းအရာ၊ ပုံစံများနှင့် နည်းလမ်းများ ကို ဆန်းသစ် တီထွင်ပြီး နွေဦးပွဲတော်လှုပ်ရှားမှုများအတွက် ပရိုမိုးရှင်းဗီဒီယိုများနှင့် ဗီဒီယိုအတို များကို စီစဉ်ရိုက်ကူးခြင်း၊ 

 WeChat  Douyin  Xiaohongshu 

နှင့် ဗီဒီယိုအကောင့်များကဲ့သို့သော မီဒီယာ ပလက်ဖောင်းအသစ်များအပြားတွင် ဆက်လက်ဖြန့်ဝေပြီး ]]တက်ဟုန်း နွေဦးပွဲတော် ခရီးစဉ်}} နှင့် ]]နွေဦးပွဲတော်အားလပ်ရက်အတွင်းလည်း ဆိုင်များမပိတ်}} စသည်တို့ကဲ့သို့သော အစီအစဉ်များကို စတင်လုပ်ဆောင်ခြင်း၊ ခရီးသွားလမ်းကြောင်းများ၊ ခရီးသွားထုတ်ကုန်များနှင့် အစားအသောက်အချက်အလက် စသည်တို့ကို ထုတ်ဝေခြင်းတို့ဖြင့် ပွဲတော်အငွေ့အသက်ကို ကြိုတင်ဖန်တီးပြီး တက်ဟုန်းယဉ်ကျေးမှုခရီးသွားလုပ်ငန်းအမှတ်တံဆိပ်၏ မြင်နိုင်စွမ်းနှင့် သြဇာလွှမ်းမိုးမှုကို ပိုမို မြင့်တက်စေပါသည်။

ထူးခြားသောလုပ်ရှားမှုများကို အာရုံစိုက်ပြီး ထုတ်ကုန်ထောက်ပံ့မှုကို ြွကယ်ဝစေ


တရုတ်နိုင်ငံ၏ ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အပန်းဖြေ အတွေ့ အကြုံများ ပေါင်းစပ်မှုကို အရှိန်မြှင့်တင်ခြင်းသည် တက်ဟုန်းယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၏ အရည်အသွေးမြင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် မီးမောင်းထိုးပြမှုအသစ်တစ်ခု ဖြစ်လာပါသည်။

ယခုနှစ် နွေဦးပွဲတော်တွင် တက်ဟုန်းသည် ]] ပျော်ပျော်ဆင်နွှဲ နှစ်သစ်ကူးပွဲ}} နွေဦးပွဲတော် ခေါင်းစဉ်ဖြင့် ယဉ်ကျေးမှုနှင့်ခရီးသွားလှုပ်ရှားမှု၊ ]] ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နဲ့အတူ နှစ်သစ်ကို ဖြတ်သန်း}} စက္ကူညှပ်လှုပ်ရှားမှု၊ ]]ဗျွ စွယ်စုံကျမ်း ဗဟုသုတများကိုကြည့်ရှုပြီး ဆုလက်ဆောင်များ ကိုရယူ}}နှင့် ]] ပျော်ပျော်ဆင်နွှဲ နှစ်သစ်ကူးပွဲ-၂၀၂၄ ရောင်စုံယူနန် သင့်ကိုစောင့်မျှော်  ညပိုင်း ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များ}} နှင့် ]]နွေဦးပွဲတော်တွင် ကျေးလက် သို့ အော်ပရာများ ပေးပို့ခြင်းဖြင့် အကျိုးရှိသောလှုပ်ရှားမှု}} စသည့် အမျိုးသားဝိသေသ လက္ခဏာ၊ ြွကယ်ဝသော အဓိပ္ပါယ်များနှင့် ပုံစံအမျိုးမျိုးဖြစ်သော ခရီးသွားပွဲတော်ကို ဆက်တိုက် ကျင်းပခြင်း ဖြင့် ခရီးသွားများသည် တက်ဟုန်း၏ နက်နဲသောအမျိုးသားဓလေ့များကို ခံစားစေပြီး ပျော်ရွှင် ဖွယ်ရာနှစ်ကို ပိုင်ဆိုင်နိုင်စေပါသည်။

]]ခရီးသည်များအကြိုက်}}ဝန်ဆောင်မှုကိုဆုပ်ကိုင်ပြီး စေတနာအပြည့် ထင်ပေါ်စေNandian Xuanfu Department 

သည် နှစ်ဆန်းတစ်ရက်မှ သုံးရက်အထိ ခရီးသွားများ အတွက် ဝင်ကြေးအခမဲ့ပေးခြင်း၊ ၂ဗ အဆင့် ရှုခင်းသာနေရာ -Wanding Border Cultural Park  သည် မူလတန်းနှင့်အလယ်တန်း ကျောင်းသားများအတွက် ဝင်ကြေးအခမဲ့ ပေးခြင်း၊ ခရီးသွားများထံ  ိနညိမသဘငကာ ပန်းကိတ်မုန့် ၅၀ဝ၀ဝ ကို အခမဲ့ဖြန့်ဝေခြင်း၊ ကားရပ်နားရန်နေရာများကို အများ ပြည်သူ အခမဲ့အသုံးပြုနိုင်ခြင်း၊ မန်စီမြို့ကို ရောက်ရှိလာသည့် မြို့ခြားခရီးသွားများ၏ မော်တော်ယာဉ်များအတွက် ]]ဥပဒေကို သေးသေးလေးကျူးကျော်မှုရှိလျှင် ပထမကျူးကျော်မှုကို သတိပေး}}ကို အကောင်အထည်ဖော်ခြင်း......နွေဦးပွဲတော်အားလပ်ရက်အတွင်း တက်ဟုန်းသည် ပြည်သူများအတွက် အကျိုးရှိစေမည့် ]]ပျော်ပျော်ဆင်နွှဲ နှစ်သစ်ကူးပွဲ}} ယဉ်ကျေးမှုခရီးသွား လုပ်ငန်းနှင့် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းများကို စီစဉ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ ခရီးသွား ဧည့်သည်များအတွက် တက်ဟုန်းတွင်အတွေ့အကြုံများ ပိုမိုသက်သာစေရန် စိတ်နှလုံး ပိုမိုနွေးထွေး စေရန် ပြည်သူများအတွက် အကျိုးရှိစေရန်နှင့် အဆင်ပြေစေရန် အစီအမံများစွာကို စတင်ဆောင် ရွက်ခဲ့ပါသည်။

၎င်းကာလအတွင်း တက်ဟုန်းသည် ယဉ်ကျေးမှုနှင့်ခရီးသွား လူငယ်စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပရောဂျက် ပေါင်း ၇၃ ခုကို ထုတ်ပြန်ခဲ့ပြီး စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပေးနေရာ ၁၀၉ ခုကို စီမံထားခြင်းဖြင့် ခရီးသွားများနှင့် လူပေါင်း ၈၃၅၄၈၀ ကို အကျိုးရရှိခဲ့ပါသည်။ 

ဈေးကွက်ကြီးကြပ်မှုကို ဂရုစိုက်ရာ ခရီးသွားများက ချီးကျူး

ခရီးသည် အများအပြားဝင်ရောက်လာသည်နှင့်အတူ တက်ဟုန်းသည် နွေဦးပွဲတော်ကာလ အတွင်း ဟိုတယ်လုပ်ငန်းဈေးကွက်ကို ပိုမိုစနစ်တကျရှိစေကာ စားသုံးသူများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးများကို ထိထိရောက်ရောက် ကာကွယ်ပေးခဲ့သည်။ နွေဦးပွဲတော်အားလပ် ရက်အတွင်း တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းဋ္ဌာနသည် လုပ်ငန်းလည်ပတ် သည့် ဆိုင်ပေါင်း ၂၀၁ ခု ကို စစ်ဆေးရန် တရားရေးအရာရှိ ၄၇၂ ဦးကို စေလွှတ်ခဲ့သည်။ ပြည်နယ်ခွဲ တစ်ဝှမ်းတွင် ခရီးသွားတိုင်ကြားမှု ၂၈ ခုနှင့် တန်ဖိုးငွေ စုစုပေါင်း ၃၂၉၆၄ ယွမ် ရှိသော ကုန်ပစ္စည်းပြန်အမ်းမှု ၅ ခုတို့ကို ပြေလည်စွာဖြေရှင်းပြီးခဲ့သည်။ ပြည်နယ်ခွဲတစ်ဝှမ်းတွင် ဘေးအန္တရာယ်ဖြစ်မှု တစ်ခုမှ မရှိခဲ့ဘဲ ယဉ်ကျေးမှုခရီးသွားဈေးကွက်သည် တည်ငြိမ်ကောင်းမွန် စွာနှင့် စည်းစနစ်တကျရှိနေသည်။

(တက်ဟုန်းယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန)


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告