Myanmar မှာ ဝက်ဆိုက်
တရုတ်နိုင်ငံ တက်ဟုန်း၏ ဆန်းသစ်တီထွင်သော ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်သည် တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်စိုက်ပျိုးရေး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်

    တက်ဟုန်းပြည်နယ်ခွဲသည် သမ္မတရှီကျင့်ဖိန်၏ မိန့်

ကြားချက်ကို စွဲစွဲမြဲမြဲမှတ်ယူထားပြီး နိုင်ငံတော်၏ဖွံ့ဖြိုး

တိုးတက်ရေးမဟာဗျူဟာတွင် တကြွ်ကစွာပါဝင်ပြီး ပြည်

နယ်ပါတီကော်မတီနှင့် ပြည်နယ်အစိုးရ၏အဆင့်မြင့်ပြင်

ပတံခါးဖွင့်ဗျူဟာကို နက်ရှိုင်းစွာ အကောင်အထည်ဖော်

ကာ နယ်စပ်တလျှောက် ပွင့်လင်းမြင်သာမှုနှင့် ဖွံ့ဖြိုးတိုး

တက်ရေးအားသာချက်ကို အပြည့်အဝဖော်ဆောင်ခြင်းဖြင့် 

အားသာချက်များကို ပေါင်းစည်းကာ မြန်မာနိုင်ငံနှင့် နယ်

စပ်ဖြတ်ကျော် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု

ကို နက်ရှိုင်းစေခြင်း၊ ကိုယ်ပိုင်လွှမ်းခြုံနိုင်မှုကို မြှင့်တင်

ခြင်းဖြင့် မြန်မာနိုင်ငံနှင့်အတူ ဘုံဖွံ့ဖြိုးတိုးတက်မှုကို စူးစမ်း

ရှာဖွေရန်၊ ပူးပေါင်းဆောင်ရွက်မှုအတွက် ပေါင်းကူးတံတား

တစ်ခုကို  တည်ဆောက်ပြီး  ]]စီးပွားရေးလမ်းကြောင်း}}မှ 

]]လမ်းကြောင်းစီးပွားရေး}}အဖြစ်သို့ ပြောင်းလဲနိုင်ရန်ကြိုး

ပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

    ပလက်ဖောင်းတည်ဆောက်ခြင်း၊ ယန္တရားထူထောင်

ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုကို 

ပေါင်းစည်းခြင်း။ တရုတ်-မြန်မာနယ်စပ်တွင် အစိုးရ၊ အရပ်

ဘက်နှင့် စီးပွားရေးလုပ်ငန်းရှင်များစသည့်ဆက်သွယ်ရေး

ပလက်ဖောင်းလမ်းကြောင်းများကို ထူထောင်ကာ ကုန်စည်

ပြပွဲ၊ စက်မှုလုပ်ငန်းမြှင့်တင်ရေးအသင်းနှင့်ကျွမ်းကျင်သူ

အချင်းချင်းအပြန်အလှန်ဆက်ဆံရေးစသည့် လှုပ်ရှားမှုများ

ကို စုစည်းပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဌာန၊ စီးပွားရေး

အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်တို့ကို ကောင်းမွန်စွာ အပြန်

အလှန်ပူးပေါင်းဆောင်ရွက်သည့်ယန္တရားအဖြစ် ဖော်ဆောင်

ပြီး တရုတ်-မြန်မာနှစ်ဦးနှစ်ဘက်၏ စိုက်ပျိုးရေးကဏ္ဍ

တွင် ပူးပေါင်းဆောင်ရွက်မှုနှင့်ဖလှယ်မှုများကို အဆက်မ

ပြတ်နက်ရှိုင်းစေခြင်းဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား 

လိုအပ်ချက်များ အပြန်အလှန်ဖလှယ်မှုများရရှိခြင်းမှ အပြန်

အလှန်ယုံကြည်မှုတိုးမြင့်စေကာ နှစ်ဘက်ပူးပေါင်းဆောင်

ရွက်မှုဆိုင်ရာ သဘောတူညီမှုလည်း ပိုမိုတိုးတက်လာမည်

ဖြစ်သည်။

    နည်းပုံစံကို တီထွင်ခြင်း၊ ဖလှယ်ရေးကို မြှင့်တင်ခြင်း၊ 

ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်း။ ]]နည်းပညာသင်တန်း

+ဖြန့်ဖြူးအသုံးပြုခြင်း+ပရောဂျက်ပူးပေါင်းဆောင်ရွက်မှု}}

ပုံစံဖြင့် မြန်မာနိုင်ငံ ခေတ်မီစိုက်ပျိုးရေး နည်းပညာသင်တန်း

နှင့် အခွံမာသီးစိုက်ပျိုးရေးနည်းပညာ၊ နယ်စပ်ဖြတ်ကျော် 

အီး-ကုန်သွယ်ရေးစသည့် သင်တန်းများဖြင့် ပို့ချကာ မြန်မာ

နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုကို အား

ကောင်းစေပါသည်။ ]]တက်ဟုန်းစိုက်ပျိုးရေးနည်းပညာ}}

]]တက်ဟုန်းစိုက်ပျိုးရေးမွေးမြူရေးနည်းပညာ}}၊ ]]မြန်မာနိုင်ငံ

၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် ရင်းနှီး

မြှုပ်နှံမှု စီမံကိန်း(၂၀၁၈-၂၀၂၃ ခုနှစ်) }}စသည့် စာအုပ်

များကို ရေးသားထုတ်ဝေကာ သီအိုရီသင်ကြားမှု၊ လက်တွေ့

လေ့လာမှု၊ ဆွေးနွေးပွဲနှင့် ဖလှယ်မှုများမှတစ်ဆင့် မြန်မာ

သင်တန်းသားများအား တရုတ်နိုင်ငံ၏ ခေတ်မီသောအဆင့်

မြင့် နည်းပညာနှင့်စီမံခန့်ခွဲမှုအတွေ့အကြုံများကို သင်ယူနိုင်

ရန် ကူညီပေးပါသည်။   နည်းပညာကျွမ်းကျင်သူများကို လည်း မြန်မာနိုင်ငံ မန္တလေး၊ လားရှိုးတို့သို့ စေလွှတ်ကာ 

မွေးမြူရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ လူအားဖြင့် ဝက်သန္ဓေသား

ကပ်စေခြင်း၊ စပါးနှင့်ပြောင်းများကို စနစ်တကျစိုက်ပျိုးခြင်း

စသည့် ကဏ္ဍများတွင် နည်းပညာဆိုင်ရာ လမ်းညွှန်မှုနှင့် 

သင်တန်းများပို့ချပေးသည်။ စိုက်ပျိုးခြင်း စံပြသရုပ်ပြမှု 

မှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် အရည်အသွေး

ကောင်းမွန်သောစီးပွားဖြစ် စိုက်ပျိုးသီးနှံများကိုတွင် ကျယ်

စေခြင်းဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ

အကြား စီမံကိန်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းမှ 

ပူးပေါင်းဆောင်ရွက်မှုနေရာကို တဆင့်တိုးချဲ့နိုင်မည်ဖြစ်

သည်။

    လုပ်ဆောင်မှုချဲ့ထွင်ခြင်း၊ ဝင်ငွေတိုးမြှင့်ခြင်း၊ ပူးပေါင်း

ဆောင်ရွက်မှုရလဒ်ကို အတူမျှဝေခြင်း။ မြန်မာနိုင်ငံ၏အရည်

အသွေးမြင့် စိုက်ပျိုးရေးနှင့်ဘေးထွက်ပစ္စည်းများကို စစ်ဆေး

ခြင်းနှင့်Quarantine Access catalog တွင် ထည့်သွင်း

နိုင်ရန် တကြွ်ကစွာ ဖော်ဆောင်ပြီး နှစ်နိုင်ငံကုန်သွယ်မှု 

အမျိုးအစားနှင့် အတိုင်းအတာများကို ချဲ့ထွင်ကာ ]]စိုက်

ပျိုးမွေးမြူခြင်း+ကုန်သွယ်ခြင်း+အချောကိုင်ခြင်း}}ဆိုင်ရာ 

ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းဖြင့် အရင်းမြစ်

နှစ်မျိုးကို ထိရောက်စွာ အသုံးပြုခြင်းနှင့် ]]ဈေးကွက်နှစ်ခု}}အပြန်အလှန်အကျိုးရှိစေသည့် ပွင့်လင်းမြင်သာသည့် စိုက်

ပျိုးရေးပုံစံကောင်းဖြစ်ပေါ်လာစေရန် မြှင့်တင်ဆောင်ရွက်

သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကြံ ၁၀၈၇၂.၆၄ ဧက၊

ပိုးကောင်မွေးမြူးရေးစခန်း ၁၆ ခု၊ အကြီးစား ပိုးအိမ်ခြောက် 

သွေ့ခန်း ၄ ခု၊ ပိုးစာခြံ ၆၅၈၉.၄၈ ဧကစိုက်ပျိုးထားပြီးပိုး

မွေးတောင်သူ ၄၈၅၆ အိမ်ရှိကာ တောင်သူပေါင်း ၂၇၀ဝ၀

ဦးကို အကျိုးခံစားရစေခဲ့သည်။ ကုန်သွယ်မှုနည်း လမ်းအ

မျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ စိုက်ပျိုးရေးသုံးစက်ယန္တရားများ၊

မျိုးစေ့များ၊ ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးစသည့် 

စိုက်ပျိုးရေးထုတ်လုပ်မှုပစ္စည်းများကို တင်ပို့ခြင်းဖြင့်တရုတ်-

မြန်မာတောင်သူများ ဝင်ငွေတိုးမြှင့်လာစေရေးနှင့် ဂိတ်စ

ခန်းကုန်သွယ်မှု တိုးတက်မှုကို မြှင့်တင်ကာ နယ်စပ်ပြည်

သူတို့၏ နေထိုင်မှုဘဝကို ပြောင်းလဲစေမည်။ လက်ရှိတွင် 

နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးလုပ်ငန်းသည် တရုတ်-မြန်မာ နယ်စပ်ပြည်သူတို့၏ အရေးကြီးသော စီးပွားရေး

ဝင်ငွေရရှိရာ အရင်းအမြစ်တစ်ခုဖြစ်လာပြီး တရုတ်-မြန်မာ

ပြည်သူများအကြား ဆက်ဆံရေးပိုမိုနက်ရှိုင်းလာစေရန်

နှင့် ပို၍ကောင်းသော ပတ်ဝန်းကျင်ကို ဖန်တီးရန် ခိုင်မာ

သော အုတ်မြစ်တစ်ခုဖြစ်လာသည်။ 

(တက်ဟုန်းညီညွတ်ရေးသတင်းစာ)


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告