Myanmar မှာ ဝက်ဆိုက်
တရုတ်-မြန်မာ ရေဆေးပန်းချီပြပွဲ မန်စီမြို့တွင် ကျင်းပ

QQ截图20240425102823.jpg

    (သတင်းစဉ်) ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် 

]]တောင်တန်းများနှင့် မြစ်များ ချိတ်ဆက်ကာ ပိုးလမ်းမကို 

ရောင်စုံချယ်-၂၀၂၄ တက်ဟုန်းတရုတ်-မြန်မာရေဆေးပန်း

ချီပြပွဲကို တက်ဟုန်းပြည်နယ်ခွဲ အနုပညာပြတိုက်တွင် ကျင်း

ပခဲ့ပြီး ကျွမ်းကျင်ပညာရှင်များမှ ဂရုစိုက်ရွေးချယ်ထားသော

ပန်းချီကား  စုစုပေါင်း ၁၀၂ ချပ်ကို ပြသလျက်ရှိသည်။

၎င်းပြပွဲကို ပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး

ဌာန၊ ပြည်နယ်ခွဲ စာပေနှင့်အနုပညာအဖွဲ့ချုပ်၊ တာ့လီပြည်

နယ်ခွဲ စာပေနှင့်အနုပညာ အဖွဲ့ချုပ်၊ လျင်ချန်းမြို့ယဉ်ကျေး

မှုနှင့် ခရီးသွားလာရေးဌာန၊ လျင်ချန်းမြို့ စာပေနှင့်အနုပ

ညာအဖွဲ့ချုပ်နှင့် ပေါင်ဆန်းမြို့ စာပေနှင့်အနုပညာအဖွဲ့ချုပ် 

တို့က ကြီးမှူးကျင်းပပြီး ရွှေလီရှေ့ပြေးစက်မှုဇုန်စီမံခန့်ခွဲရေး

ကော်မတီ မြန်မာနိုင်ငံဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက် 

ရေးရုံးတို့ ပူးတွဲကျင်းပခြင်းဖြစ်သည်။

    ပြပွဲနေရာကို နွေးထွေးပြီးသပ်ရပ်စွာ ဆင်ယင်ထားပြီး

နံရံတွင် တရုတ်နှင့်မြန်မာ နိုင်ငံတို့မှ အနုပညာရှင်များ၏ 

လက်ရာပန်းချီကားများဖြင့် ချိတ်ဆွဲထားသည်။ ထိုလက်ရာ

များသည် မတူကွဲပြားသောအနုပညာဘာသာစကားများ

ကို အသုံးပြု၍ တောင်တန်းနှင့် မြစ်များဆက်စပ်နေသည့် 

တရုတ်နှင့်မြန်မာတို့၏ ဇာတ်လမ်းကို ပြောပြရန်၊ ရှေးပိုး

လမ်းမကြီးတစ်လျှောက် အသွင်အပြင်အသစ်၊ တရုတ်နှင့်မြန်

မာတို့၏ လေးနက်သောဇာစ်မြစ်ကို သရုပ်ပြကာ ခေတ်

သစ်တွင် တရုတ်နှင့်မြန်မာ ပြည်သူများသည် ငြိမ်းချမ်းစွာ 

အတူယှဉ်တွဲနေထိုင်ရေး၊ ပွင့်လင်းမှုနှင့်သည်းခံမှု၊ ရှေ့ဆောင် 

မှု၊ တကြွ်ကမှုနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေသော 

ပိုးလမ်းမစိတ်ဓာတ်ကို ပြသထားကာ နှစ်နိုင်ငံယဉ်ကျေးမှု

ကို အပြန်အလှန်ဖလှယ်သင်ယူရန်နှင့် ဘုံသာယာဝပြော

ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ကူညီပေးခဲ့သည်။  

    ပြပွဲနေရာတွင် ပရိသတ်တို့၏ လက်ခုပ်သံများနှင့် အ

ပြန်အလှန်ဖလှယ်မှုသံများဖြင့် ပျံ့လွှင့်နေလျက်ရှိပြီး အချို့

က လက်ရာအသေးစိတ်နှင့် နည်းစနစ်များကို ဆွေးနွေးကြ

ပြီး အချို့က ၎င်းတို့၏ အနုပညာ အသိအမြင်များနှင့် အ

တွေ့အကြုံများကို မျှဝေကြသည်။ ပြည်နယ်ခွဲယဉ်ကျေးမှုနှင့် 

ခရီးသွားလာရေးဌာနမှ တာဝန်ခံက တက်ဟုန်းသည် အနု

ပညာဖန်တီးမှုလုပ်ငန်းများကို ဘက်စုံအားကောင်းလာစေ

ရန်၊ ]]နြူအ ညေိ ျွသေိ}} အနုပညာပြပွဲအမှတ်တံဆိပ်ကို 

အာရုံစူးစိုက်ထူထောင်သွားရန်၊ တရုတ်နှင့်မြန်မာနှစ်နိုင်ငံ

မှ အနုပညာရှင်များအတွက် သင်ယူဖလှယ်မှုပလက်ဖောင်း

တစ်ခုကို အလေးထားတည်ဆောက်သွားရန်၊ နှစ်နိုင်ငံလုံး

မှ အနုပညာရှင်များအကြား နယ်ပယ်ပေါင်းစုံမှ နက်ရှိုင်း 

သောအပြန်အလှန်ဖလှယ်မှုကို ဆက်လက်မြှင့်တင်ရန်၊ 

တရုတ်နှင့်မြန်မာကြား ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်မှု

ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသစ်ကို ပူးတွဲရေးသားရန် ကြိုးပမ်း

ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

    ]]ကျွန်တော်က ပထမဆုံးအကြိမ် ဒီလိုတရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးပြပွဲမှာ ပါဝင်တာဖြစ်ပါတယ်။ ပြ

ပွဲကတစ်ဆင့် မြန်မာအနုပညာရှင်တွေရဲ့ တီထွင်ဖန်တီး

ထားတဲ့စိတ်ကူးစိတ်သန်းတွေကို နားလည်ရုံသာမက နှစ်

နိုင်ငံအနုပညာရှင်တွေအကြား ကွဲပြားတဲ့ ဖန်တီးမှုပုံစံတွေ

ကိုပါ ခံစားနိုင်ပါတယ်၊ သူတို့ရဲ့လက်ရာတွေကတစ်ဆင့် 

မြန်မာ့လူသားယဉ်ကျေးမှုအသွင်အပြင်ကိုလည်း ခံစားရမှာ

ပါ}}ဟု တရုတ်အနုပညာရှင်များအသင်း အဖွဲ့ဝင် ူ

Li Hongက အနာဂတ်တွင် မြန်မာအနုပညာရှင်များနှင့် ပြပွဲ

များတွင် အတူပါဝင်ကြပြီး ဇာတ်လမ်းများကို အတူတကွ 

စုဆောင်းခြင်း၊ မျက်နှာချင်းဆိုင်ပြောဆိုဆက်ဆံခွင့်ရရန် 

တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး

နှင့် ဆက်သွယ်ရေးမြှင့်တင်စေရန် မျှော်လင့်ကြောင်း ပြော

ကြားခဲ့သည်။ 

    အဆိုပါပြပွဲတွင် ပန်းချီဆရာ ၇၅ ဦး၏ လက်ရာပန်း

ချီ ၁၀၂ ချပ်ကို ပြသထားသည့်အနက်  တာ့လီ၊ လျင်ချန်း၊ 

ပေါင်ဆန်းနှင့် တက်ဟုန်းမှ ပန်းချီကား ၆၆ ချပ်၊ မြန်မာ

ပန်းချီဆရာ၏ ပန်းချီပုံ ၃၀ ပုံနှင့် အထူးဖိတ်ကြားထား

သောရေဆေးပန်းချီဆရာ၏ လက်ရာ ၆ ပုံတို့ ပါဝင်ကြောင်း 

သိရသည်။ ဤပြပွဲကို မေလ ၂၆ ရက်အထိ ဖွင့်လှစ်ပြသ

သွားမည်ဖြစ်ပါသည်။



(တက်ဟုန်းညီညွတ်ရေးသတင်းစာ)


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告