Myanmar မှာ ဝက်ဆိုက်
မြန်မာနိုင်ငံသည် စီးကရက်နှင့်အရက်ခွန်ကို တိုးမြှင့်ကောက်ခံ


(သတင်းစဉ်) ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေအရ စီးကရက်အထူး

ကုန်ပစ္စည်းအတွက် အခွန်နှုန်းထားတိုးကောက်ခံမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်

ပြည်ထောင်စုအခွန်ဥပဒေတွင် ၂၀ လိပ်ပါ တစ်ဘူးလျှင် ကျပ် ၇၀ဝ ဖြင့် ရောင်းချ

သောစီးကရက်အတွက် တစ်လိပ်လျှင်အခွန် ကျပ်ငွေ ၁၀ ကျပ် အခွန် ဆောင်

ရမည်ဖြစ်ရာ အခွန်နှုန်းထားမှာ ၂၈.၅၇ ရာခိုင်နှုန်း ရှိကြောင်းဖော်ပြထားသည်။  

    ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေအရ ၂၀ လိပ်ပါ တစ်ဘူးလျှင် ကျပ် 

၈၀ဝ ဖြင့် ရောင်းချသော စီးကရက်အတွက် တစ်လိပ်လျှင်အခွန် ကျပ်ငွေ ၁၃

ကျပ် အခွန်ဆောင်ရမည်ဖြစ်ရာ အခွန်နှုန်းထားမှာ ၃၂.၅ ရာခိုင်နှုန်းရှိကြောင်း

ဖော်ပြထားသည်။

    ထို့ပြင် ၂၀ လိပ်ပါ တစ်ဘူးလျှင် ရောင်းချငွေ  ၁၁၀၁ ကျပ် နှင့်အထက်ရှိ

သော စီးကရက်တွင် တစ်လိပ်လျှင် အခွန်ကျပ်ငွေ ၂၉ ကျပ်ပေးဆောင်ရမည်

ဖြစ်ပြီး အခွန်နှုန်းထားမှာ ၅၂.၇ ရာခိုင်နှုန်းဖြစ်သည်။ ယခင်က တစ်လိပ်လျှင် 

၂၇ ကျပ်နှင့် အခွန်နှုန်းထား ၄၉ ရာခိုင်နှုန်းသာဆောင်ရသည်။ အလားတူ အထူး

ကုန်စည်များဖြစ်သော အရက်များအတွက် ယခုနှစ် အခွန်ဥပဒေသည် စံနှုန်း

များကို ပြောင်းလဲပြီး အခွန်နှုန်းထားကို တိုးမြှင့်ထားပါသည်။ ၂၀၂၃ ခုနှစ် ပြည်

ထောင်စုအခွန်ဥပဒေအရ တစ်လီတာလျှင် ကျပ်ငွေ ၂၀ဝ မှ ၁၄၀ဝအကြား

ရောင်းချသည့်အရက်အတွက် တစ်လီတာလျှင် ၂၀၉ ကျပ် အခွန်နှုန်း ထားသတ်

မှတ်ထားသည်။ ယခုနှစ် ၂၀၂၄ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေတွင် တစ်လီ

တာလျှင် ကျပ်ငွေ ၄၀ဝမှ ၂၀ဝ၀ကြား အရက်အတွက် တစ်လီတာလျှင် အခွန်

နှုန်းထား ၂၃၇ ကျပ် ပေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။ ၂၀၂၄ ခုနှစ် 

ပြည်ထောင်စုအခွန်ဥပဒေသည် အထူးကုန်စည်များဖြစ်သော စီးကရက်၊ အရက်

နှင့် ဝိုင်စသည်တို့ကို ဈေးနှုန်းနှင့် အမျိုးအစားအပေါ်အခြေခံပြီး အခွန်နှုန်းထား

အသစ် သတ်မှတ်ထားသည်။

    ပြည်ထောင်စု အခွန်ကေက်ခံမှုနှင့်ပတ်သက်၍ စစ်ကောင်စီအနေဖြင့် ၂၀၂၄

ခုနှစ်တွင် ကျပ်ငွေ ၉၃၇၈ ဘီလီယံကျော် ကောက်ခံမည်ဟု ခန့်မှန်းထားသည်။ 

ယမန်နှစ် ၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေတွင် တစ်နိုင်ငံလုံးအခွန် ကျပ် 

၈၀၅၂ ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ 


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告