Myanmar မှာ ဝက်ဆိုက်
တက်ဟုန်းစီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်လေ့လာ

(သတင်းစဉ်) တက်ဟုန်း  တိုင်နှင့်ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံတော်မှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်မရှင်အဖွဲ့

များနှင့် စီးပွားရေးအသင်းအဖွဲ့များအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး

ကို တိုးမြှင့်ဆောင်ရွက်ရန်၊ ပိုမိုကျယ်ပြန့်သော ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်

ရွက်ရေး ပလက်ဖောင်းကို တည်ဆောက်ရန်၊ ဆိပ်ကမ်းဂိတ်ပေါက် စီးပွားရေး

ကျန်းမာတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် တက်ဟုန်းစီးပွားရေးနှင့် 

ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး  ကိုယ်စားလှယ်အဖွဲ့သည်  မကြာသေးမီ

ကာလတွင် မြန်မာနိုင်ငံသို့  သွားရောက်လည်ပတ်ကြည့်ရှုကာ  တက်ဟုန်းကို 

ကြေညာမိတ်ဆက်ခဲ့သည်။

    ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာ ကုန်သွယ်မှုလမ်း

ကြောင်းများချောမွေ့စေခြင်း၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်

ရာ လူပုဂ္ဂိုလ်များ ဖလှယ်ရေးမြှင့်တင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ထုတ်လုပ်မှု စွမ်း

ရည်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်း၊ နယ်စပ်ဖြတ်ကျော်ငွေကြေး

ဖြေရှင်းရေး၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်ချိတ်ဆက်ရန်

အခြေခံအဆောက်အဦတည်ဆောက်ခြင်း၊ ပြည်ပစက်မှုဇုန် တည်ဆောက်ရေး၊ 

အသားစားနွားရောင်းဝယ်ရေးနှင့်  လေကြောင်းကုန်စည်ပို့ဆောင်ရေး၊ အိန္ဒိယ

သမုဒ္ဒရာမှပင်လယ်စာများတင်သွင်းခြင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ကျောက်

မျက်ရတနာနှင့် ကျောက်စိမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စသည့်ခေါင်းစဉ်များ

ဖြင့် နက်ရှိုင်းစွာအပြန်အလှန်ဖလှယ်ခဲ့ကြပြီး သဘောတူရလဒ်များရရှိခဲ့ပါသည်။

မန္တလေးရှိ ယူနန်ဘုံကျောင်း၌ ကိုယ်စားလှယ်အဖွဲ့သည် တက်ဟုန်းပြည်နယ်ခွဲ

တံခါးဖွင့်လှစ်ရေးတိုးချဲ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ခြင်းဆိုင်ရာ ဦးစားပေး

မူဝါဒများကို ရှင်းလင်းတင်ပြကာ တက်ဟုန်း ကော်ဖီမိတ်ဆက်ပွဲကို  ကျင်းပခဲ့

ပါသည်။

    အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဝန်ကြီးဌာန၊ ကော်မရှင်အဖွဲ့မှ အကြီးအကဲ

၉ ဦးနှင့် အဓိကစက်မှုလုပ်ငန်းကုမ္ပဏီရှင် ၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး နှစ်ဦး

နှစ်ဖက်သည် အတူဂရုစိုက်သောကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။


(ယူနန်သတင်းစာ)


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告