Myanmar မှာ ဝက်ဆိုက်
လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ ပညာရှင်များက ရေအားလျှပ်စစ်ပူးပေါင်းဆောင်ရွက်မှုသည် မြစ်ဝှမ်းဒေသပြည်သူများအား အကျိုးကျေးဇူးကို ခံစားရနိုင်စေကြောင်းဆို

  မကြာသေးသည့်ရက်က လန်ချန်း-မဲခေါင်ခြောက်နိုင်ငံ၏ လန်ချန်းမြစ်အရင်းအမြစ်ကို ပူးတွဲစစ်ဆေးခြင်းကို ချင်းဟိုင်ပြည်နယ်တွင် စတင်ခဲ့ပါသည်။ စစ်ဆေးရေးခရီးစဉ်တွင် မဲခေါင်မြစ်ငါးနိုင်ငံမှ ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံနှင့် ထင်မြင်ချက်များကို ဆွေးနွေးခဲ့ကြ 

သည်။

   မဲခေါင်မြစ်သည် တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟုခေါ်တွင်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက် အရေးပါသော ရေလမ်းကြောင်းဖြစ်သည်။ လန်ချန်းမြစ်-မဲခေါင်မြစ်ဝှမ်းသည် ရေအားလျှပ်စစ်စွမ်းအင်အရင်းအမြစြွ်ကယ်ဝကာ ၎င်းမြစ်ဝှမ်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရေအရင်းအမြစ် စီမဲခန့်ခွဲရေးနှင့် အစိမ်းရောင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အရေးကြီးလှပါသည်။

   ကမ္ဘောဒီးယားနိုင်ငံမှ မဲခေါင်မြစ်ကော်မရှင်အတွင်းရေးမှူးရုံးမှ ဇလဗေဒပညာရှင်နှင့် နည်းပညာရှင် Paradis  Someth က လန်ချန်းမြစ်ဝှမ်းရှိ တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်း၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ရာတွင် လန်ချန်းမြစ်ဝှမ်းသည် စိုက်ပျိုးရေးအတွက် မသင့်တော်သော်လည်း ရေအားလျှပ်စစ်ဖွံဖြိုးမှုအတွက် ကြီးမား သော အလားအလာရှိကြောင်း ထောက်ပြခဲ့သည်။

   ထို့ပြင် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးခဲ့သောလန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ ဇလဗေဒ အခြေအနေပြောင်းလဲမှုများနှင့် ၎င်းနှင့်လိုက်လျောညီထွေသော မဟာဗျူဟာများ ပူးတွဲလေ့လာမှု၏ ပထမအဆင့် လုပ်ငန်းများကို ဖော်ပြခဲ့ပြီး Paradis  Someth က အဓိကကျသော ညှိနှိုင်းရေးအခန်းကဏ္ဍများတွင် ပါဝင်ခဲ့သည်။ ]]ကျွန်တော်တို့ အခု ပူးတွဲလေ့လာမှု ဒုတိယအဆင့်ကို ဝင်ရောက်နေပါပြီ၊ ဒါဟာလန်ချန်း-မဲခေါင်မြစ်ဝှမ်းအတွက် ပိုများတဲ့ဇလဗေဒအချက်အလက်တွေကို ထောက်ပံ့ပေးနိုင်မှဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီလေ့လာမှုဟာလည်း ကမ္ဘောဒီးယားနိုင်ငံ Tonle  Sap ကန်ရဲ့ ရေနိမ့်ကျမှုပြဿနာကို ဖြေရှင်းဖို့ အထောက်အကူဖြစ်နိုင်လိမ့်မယ်။}}ဟုParadis  Someth က ဖြည့်စွက်ပြောကြားခဲ့သည်။ 

   ထို့ပြင် Paradis  Someth သည် ခရီးစဉ်လမ်းကြောင်းတစ်လျှောက်ရှိ ရှုခင်းများအပေါ် အံ့မခန်းဖြစ်ရပြီး ]]ကျွန်တော်အရင်ကတော့ ဒီနေရာကို ကျောက်တုံးကျောက်ခဲတွေပဲရှိလိမ့်မယ်လို့ ထင်ခဲ့တာ၊ အခုမှ နေရာတိုင်းမှာ အစိမ်းရောင်တွေနဲ့ပြည့်နက်နေတာကို မြင်ရတော့တယ်။}} ဟု အံ့သြတကြီးနှင့်ပြောသည်။

   လာအိုအမျိုးသား မဲခေါင်မြစ်ကော်မရှင် လက်ထောက်အထွေထွေအတွင်းရေးမှူး (Sivannakone Malivarn) ကလည်း လန်ချန်းမြစ်ရေအားလျှပ်စစ်စီမံကိန်း၏ အရေးပါမှု ကို အလေးပေးပြောကြားခဲ့သည်။ သူက လန်ချန်းမြစ်ဝှမ်းရှိ တရုတ်နိုင်ငံ ရေအားလျှပ်စစ်စီမံကိန်း၏ အကျိုးသက်ရောက်မှုအပေါ် သံသယစိတ်ရှိခဲ့ပြီး ရေထုလျော့နည်းသွားမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ပူးတွဲလေ့လာမှုခရီးစဉ်တွင် အချက်အလက်များကို ရရှိပြီးနောက် စီမံကန်းသည် မြစ်ရေစီးဆင်းမှုကို ထိန်းညှိနိုင်ပြီး မြစ်အောက်ပိုင်း ရေကြီးမှုကို ကာကွယ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ကူညီမှုဖြင့် တည်ဆောက်ထားသောNanO 4 ရေအားလျှပ်စစ်စက်ရုံသည် လာအိုနိုင်ငံအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်မည်ဟု သူက ယုံကြည်သည်။ 

  Sivannakone Malivarn သည် လန်ချန်းမြစ်ညာ၏ ပန်းချီကားချပ်ပမာ လှပသည့်ရှုခင်းကို လည်း ချီးမွမ်းခဲ့သည်။ လန်ချန်းမြစ်ညာကို လာရောက် လည်ပတ်ကြည့်ရှုနိုင်တဲ့အတွက် ကျွန်တော်အရမ်းကံကောင်းပါတယ်။အရင်ကဆိုရင် တီဗွီတွေမှာပဲ မြင်ဖူးတာပါ။ အခုကိုယ်တိုင် မြင်တွေ့ရတော့ တရုတ်အစိုးရရဲ့ ဒီနေရာရဲ့ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းဖို့အတွက် ကြီးမားတဲ့ ကြိုးစားအားထုတ်မှုတွေကို လေးစားပါတယ်။}}ဟု ပြောသည်။

  ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ရုံးမှ Chaona  Suppanut က ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲရန်အတွက် လန်ချန်း-မဲခေါင်ပူး ပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းနှင့် ထိုင်းကဲ့သို့သော မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများအား အခြေအနေများကို သိရှိနားလည်ပြီး အနာဂတ်ရေအသုံးပြုမှုအတွက် ပြင်ဆင်ထားနိုင်ရန် ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်များကို အတူမျှဝေခြင်း၏ အရေးကြီးပုံတို့ကို အလေးပေးပြောကြားခဲ့သည်။ 

   ရေရှည်တည်တံ့ခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုကို သေချာစေရန် ထိုလုပ်ငန်းများတွင် မျိုးဆက်သစ်လူငယ်များကို ပါဝင်လာစေရန် လိုအပ်ကြောင်း သူက ထောက်ပြသည်။ ]]မျိုးဆက်ပေါင်းများစွာရဲ့ ပူးပေါင်းအင်အားဟာ အပြောင်းအလဲအတွက် အကြီးမားဆုံးအင်အားဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။}}ဟု သူက ပြောသည်။

   တရုတ်နိုင်ငံ စိုက်ပျိုးရေးတက္ကသိုလ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ ပညာသင်ကြားနေသည့် မြန်မာနိုင်ငံမှ သင်းယုယရွှေက ချင်းဟိုင်YuShu တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လန်ချန်းမြစ်ဖျားဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က စိတ်လှုပ်ရှားမှုကို မျှဝေခဲ့သည်။ ]]တရုတ်နိုင်ငံရဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲမှုကို သင်ယူချင်ပါတယ်။ အဲဒီလုပ်ဆောင်နည်းတွေကို ကျွန်မရဲ့ အမိမြေ မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနဲ့ စိုက်ပျိုးရေးတိုးတက်မှုတွေမှာ အသုံးချချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးကိုမှီခိုနေရပါတယ်။}} ဟု ပြောသည်။ 

    ကျေးလက်ဒေသပြန်လည်ရှင်သန်ရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ချီးကျူးပြီး ၎င်းတွင် သင်ယူစရာများစွာရှိသည်ဟု သူမက ယူဆသည်။

  ထို့ပြင် သင်းယုယရွှေသည်YuShu ရှိ ဒေသခံတိဘက်လူမျိုးတို့၏ ထူးခြားသည့် ယဉ်ကျေးမှုနှင့် သဘာဝရှုခင်းများကို တန်ဖိုးထားလေးစားသည်။ ]]ဒီနေရာမှာ ရုပ်ရှင်ထဲက လိုပဲ လှပတဲ့ ရှုခင်းတွေကို မြင်ခဲ့ရတယ်။ ဒေသခံ တိဘက်လူမျိုးတွေနဲ့လည်း တွေ့ဆုံရပြီး သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုဘဝ တိုးတက်လာတာတွေကို လေ့လာခဲ့ရပါ တယ်။}}ဟု သူမက ပြောသည်။ 

   ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်း အမျိုးသားကော်မရှင်မှNguyen Dinh Datက လန်ချန်း- မဲခေါင်မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ လက်တွေ့ကျသော အကျိုးကျေးဇူးများကို ထပ်လောင်းအလေးပေးပြောကြားစဉ် အဆိုပါရေလှောင်ကန်များသည် ရေကြီးစဉ် ရေသိုလှောင်နိုင်ပြီး မိုးခေါင်စဉ် ရေကို ထုတ်လွှတ်နိုင်သည်ဟု ရှင်းပြခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပြင်းထန်သော မိုးခေါင်မှုဖြစ်ပွားခဲ့ပြီး ဗီယက်နမ်အပါအဝင် မဲခေါင်မြစ်နိုင်ငံအများအပြားကို ထိခိုက်စေခဲ့ကြောင်းနှင့် တရုတ်အစိုးရ၏ အထက်ပိုင်းရေကာတာများမှ ရေထုတ်လွှတ်မှုသည် မိုးခေါင်မှု၏ အကျိုးသက်ရောက်မှုကို သိသိသာသာလျော့ပါးစေကြောင်းNguyen Dinh Dat က ပြောကြားသည်။ ထို့ပြင် ရေအရင်းအမြစ်စီမံခန့်ခွဲမှုသည် ရေ

ပေးဝေရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေး ထုတ်လုပ်မှုတို့ကို သေချာစေရန်အတွက် အရေးပါကြောင်းကို အလေးပေးပြောကြားပြီး ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှု တိုးတက်ကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

 (မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告