Myanmar မှာ ဝက်ဆိုက်
ဘောလုံးကစားတာကို နှစ်သက်တဲ့ မြန်မာလူငယ် နိုင်မောင်အေး

3.2爱踢球的缅甸小伙奈茂诶706.jpg

    ဘောလုံးကစားခြင်းကို နှစ်သက်သော ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မွေးဖွားသော နိုင်မောင်အေးသည် ယနေ့အထိဆိုလျှင် တရုတ်နိုင်ငံတွင် ၁၁ နှစ်ကြာမျှ နေထိုင်ခဲ့ပြီဖြစ်သည်။

    ၂၀၁၃ ခုနှစ်တွင် နိုင်မောင်အေးသည် မျှော်လင့်ချက်နှင့် အိပ်မက်များဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပြီး ရောက်ခါစတွင် အလုပ်သင်အဖြစ် စတင်ခဲ့ပြီး မော်တော်ဆိုင်ကယ်ပြုပြင်သည့်ပညာကို အလေးအနက်ထားလေ့လာသင်ယူခဲ့သည်။ ယခုအခါတွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုနှင့် လေ့လာမှုဖြင့် သူသည် မော်တော်ဆိုင်ကယ်ပြုပြင်နည်းပညာကို ကျွမ်းကျင်ရုံသာမက တရုတ်နိုင်ငံ လုံချွမ်းခရိုင်ကျန်းဖုန်းတွင် ၎င်း၏ ကိုယ်ပိုင်ဆိုင်ကယ်ပြုပြင်ရေးဆိုင်ကို ဖွင့်လှစ်ကာ လုပ်ငန်းကို အောင်မြင်စွာ စတင်ခဲ့သည်။ တရုတ်နိုင်ငံတွင် နှစ်အတော်ကြာနေထိုင်သည့်အတွေ့အကြုံကို ပြောသောအခါ စီးပွားရေးလုပ်ငန်းတစ်ခုစတင်သည့် အစောပိုင်းကာလတွင် မလွယ်ကူကြောင်းနှင့် ဘာသာစကားအတားအဆီးများနှင့် မသိကျွမ်းသောဈေးကွက်ပတ်ဝန်းကျင်ကို ရင်ဆိုင်ပြီး ဆုတ်ယုတ်မှုများနှင့် စိန်ခေါ်မှုများစွာကို ကျွန်တော်ကြုံတွေ့ခဲ့ရသည်ဟု နိုင်မောင်အေးက စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့သည်။ သို့သော် နေထိုင်မှုဘဝအပေါ် ချစ်မြတ်နိုးခြင်းနှင့် အိပ်မက်ကို အဆက်မပြတ်ကြိုးစားပြီးပုံဖော်နေခြင်းကြောင့် သူသည် ဒီနေ့အခြေအနေသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာသည်။ ယနေ့တွင် သူ၏ဆိုင်သည် မိမိစားဝတ်နေရေးပြဿနာကို ဖြေရှင်းပေးရုံသာမက ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံသွေးရင်းသားရင်းများအတွက် အရည်အသွေးမြင့်သော ဆိုင်ကယ်ပြုပြင်ရေး ဝန်ဆောင်မှုများပေးလျက်ရှိပြီး အားလုံးက တညီတညွတ်တည်း ချီးမွမ်းကြပါသည်။ အလုပ်အပြင် နိုင်မောင်အေးသည် သူငယ်ချင်းများနှင့်အတူ အားကစားရုံ၌ ဘောလုံးကစားတတ်ပြီး သူ့ကိုယ်ပိုင်ဘောလုံးအသင်းကိုလည်း ဖွဲ့စည်းထားပါသည်။ ]]Damei Longchuan }} ၂၀၂၃

Mengwanဘောလုံးစူပါလိဂ်ပြိုင်ပွဲတွင် နိုင်မောင်အေးနှင့် သူ၏ အသင်းဖော်များသည် အဆင့်ခုနစ်ကို ရရှိခဲ့သည်။ နှစ်အတော်ကြာ ၎င်း၏ကစားခြင်းအတွေ့အကြုံကို ပြန်ကြည့်ရာတွင် နိုင်မောင်အေးသည် တရုတ်နိုင်ငံ၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစွာ ခံစားရသည်။ တရုတ်နိုင်ငံသို့ ရောက်ခါစက ခရိုင်အတွင်း ဘောလုံးကစားနိုင်သောနေရာ အကန့်အသတ်ရှိခဲ့သော်လည်း ယခုအခါတွင် ခေတ်မီသောအားကစားကွင်းများကို အများအပြား ဆောက်လုပ်ထားသည့်အတွက် လူတိုင်းက ရွေးချယ်မှုပိုများလာသည်ဟု သူက ပြောသည်။

   တက်ဟုန်းတွင် နေထိုင်ခဲ့သည် ၁၀ နှစ်ကျော်ကာလအတွင်း တက်ဟုန်း၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပြောင်းလဲမှုများကို နိုင်မောင်အေးသည် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ ယခင်က မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံသို့ လာရောက်ကာ လက်လုပ်လက်စားအနေဖြင့် အဓိကလုပ်ကိုင်ကြပြီး ယခုအခါ မြို့ပြနှင့်စက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားနယ်ပယ်များတွင် အလုပ်သမားများ ပိုမိုလိုအပ်လာလျက်ရှိရာ အားလုံးအတွက် ရွေးချယ်စရာလမ်းများ ပိုများလာသည်၊ ပိုကျယ်သည် မပြောလိုတော့ဘဲ လစာသည်လည်း တစ်နှစ်ထက်တစ်နှစ် တိုးလာကာ အားလုံး၏ လူနေမှုအဆင့်အတန်းလည်း သိသိသာသာ တိုးတက်လာသည်ဟု သူက ပြောသည်။

 ]]တရုတ်နဲ့မြန်မာကြား လေးနက်တဲ့ချစ်ကြည်ရင်းနှီးမှုက ကျွန်တော့်ကို အရမ်းနွေးထွေးစေတယ်။ မြန်မာကို ချစ်သလို တရုတ်ကိုလည်းချစ်တယ်။ တရုတ်နိုင်ငံက ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေနဲ့အထောက်အပံ့တွေကို အများကြီးပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ရှိတယ်ဟု နိုင်မောင်အေးက လှိုက်လှိုက်လှဲလှဲပြောသည်။ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသောဒီမြေကို ကျေးဇူးပြန်ဆပ်ရန် ဆက်လက်ကြိုးစားပြီး တရုတ်နှင့်မြန်မာကြား ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်နက်ရှိုင်းစေကာ ပိုမိုကောင်းမွန်သော မနက်ဖြန်ကို ဖန်တီးရန် အတူတကွ လက်တွဲလုပ်ဆောင်နိုင်မည်}} ဟု သူက မျှော်လင့်ပါသည်။ (လုံချွမ်းပေါင်းစပ်မီဒီယာ)


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告