(သတင်းစဉ်) မကြာသေးမီရက်က ဗဟိုမင်ဇုတက္ကသိုလ်မှLife and Environmental Sciences tu,f'rD မှ ပါမောက္ခLong Chunlin ၏အဖွဲ့သည် ယူနန်ပြည်နယ် ကောင်လီ ကုန့်တောင်အမျိုးသားသဘာဝဘေးမဲ့တော ပေါင်ဆန်းကာကွယ်ထိန်းသိမ်းရေးဗျူရိုနှင့် ယူနန်ထုံပိကွမ်း ပြည်နယ်အဆင့်သဘာဝဘေးမဲ့တော ကာကွယ်ထိန်းသိမ်းရေးဗျူရိုတို့ ပူးပေါင်း၍ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရင်ကျန်းခရိုင်တွင် Coptis chinensis မျိုးစိတ်အသစ် တောင်ကောင်လိကုန့် Coptis chinensis ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမျိုးစိတ်သစ်တွင် မျိုးအုပ်စုတစ်စုသာရှိပြီး တစ်ခုချင်းအရေအတွက်မှာအပင် ၁၀ဝ ပင်ခန့်မျှသာ ရှိသည်။ICUN ၏ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များအနီရောင်စာရင်း၏ မျိုးစိတ်အကဲဖြတ်စည်းကမ်းများအရ တောင်ကောင်လိကုန့် Coptis chinensis သည် မျိုးသုဉ်းလုနီးနီးမျိုးစိတ် အမျိုးအစားတွင် ပါဝင်ကြောင်း သုတေသနရလဒ်ကို မကြာသေးမီက နိုင်ငံတကာအပင်အမျိုး အစားဂျာနယ် ဏ့ပအသုနပျ တွင် ဖော်ပြခဲ့သည်။
ရင်ကျန်းခရိုင်တွင်း တောရိုင်းသစ်တောများ ထူထပ်စွာ ပေါက်ရောက်လျက်ရှိပြီး ၎င်းခရိုင်အတွင်းရှိ ကျီးဏကျေးရွာ ကျီးတုန်ရွာသည် အဆိုပါမျိုးစိတ်တို့၏ ပေါက်ရောက်ရာ တစ်ခုတည်းသော နယ်မြေဖြစ်ကြောင်းသိရသည်။
လွန်ခဲ့နှစ် နွေဦးအခါတွင် သုတေသီများက တောရိုင်းသစ်တောတစ်နေရာရှိ ဝါးရုံကြားတွင် ထိုမျိုးစိတ်တို့၏ အရိပ်အယောင်ကို တွေ့ရှိခဲ့ပြီး ယခုနှစ် မတ်လတွင် ၎င်း၏ ပန်းပွင့်နမူနာကို ချောမွေစွာရယူကာ မော်လီကျူး ဇီဝနည်းပညာဖြင့် နှိုင်းယှဉ်လေ့လာရာရလဒ်အရ ၎င်းသည် Coptis မျိုးစိတ်အသစ်ဖြစ် ကြောင်း သိရှိရပါသည်။
တောင်ကောင်လိကုန့် Coptis chinensis နှင့် Coptis chinensisမျိုးစိတ်အသစ်တို့၏ အဓိကခြားနားချက်မှာ ၎င်းတွင် ဖွံ့ဖြိုးသောstolonsမရှိခြင်း၊ ပင်စည်ပိုမြင့်မားခြင်း၊ အရွက်၏ ဆင့်ကဲအရွက် အရွယ်အစားတူညီခြင်းနှင့် ပန်းပွင့်ပုံသဏ္ဍာန်သေးငယ်ပြီး ပန်းပွင့်ဖတ်များတွင် ခြေသည်းတို များရှိခြင်းတို့ဖြစ်ကြောင်း ပညာရှင်များ၏ မိတ်ဆက်ချက်အရ သိရသည်။
Coptis chinensis သည် အာရှအရှေ့ပိုင်းရှိ ဆေးဘက်ဝင်အပင်မျိုးများအနက်မှ တစ်ခုဖြစ်ကြောင်း အစီရင်ခံစာများအရ သိရသည်။ တရုတ်တိုင်းရင်းဆေး Coptis chinensisသည် ၎င်းမျိုးစိတ်၏ ခြောက်သွေ့သောအဖြစ်ပင်မျိုးဖြစ်ကာ အပူဖယ်ရှာခြင်း၊ ကိုယ်တွင်းစိုထိုင်းမှု ကိုဖယ်ရှားခြင်းနှင့် ဝမ်းမီးများကို ဖယ်ထုတ်နိုင်သော အာနိသင်တို့ကြောင့် နာမည်ကျော်ကြားပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံးတွင် Coptis chinensis အဓိက ပေါက်ရောက်သည့် ဒေသကြီးသုံးခု အနက်မှတစ်ခုဖြစ်သည်။ (ဆင်ဟွာ)