(သတင်းစဉ်) ၂ဝ၂၅ ခုနှစ် ထိန်ချုံးသိပ္ပံပညာရှင်များဖိုရမ်ကို ဒီဇင်ဘာလ ၆ ရက်နေ့က ထိန်ချုံးမြို့တွင် ကျင်းပခဲ့သည်။ ဤဖိုရမ်သည် ''နည်းပညာက အနာဂတ်ကို ဦးဆောင်မည်'' ဟူသော ရည်ရွယ်ချက်နှင့် ''သိပ္ပံပညာ- AI က ကမ္ဘာ ကြီးကို ပြောင်းလဲစေမည်'' ဟူသော ဆောင်ပုဒ်ကို ခံယူကျင့်သုံးထားသည်။

ဤဖိုရမ်ကို ယူနန်ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာအသင်း တို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၎င်းဖိုရမ်သည် ဖွင့်ပွဲအခမ်းအနားနှင့် အဓိကဖိုရမ် အပြင်၊ ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်အထိ တက္ကသိုလ်များအဓိပတိ ဖိုရမ်၊ ဇီဝမျိုး ကွဲများနှင့် ခေတ်သစ်စိုက်ပျိုးရေးဖိုရမ်၊ သက်ရှိသိပ္ပံနှင့် ကျန်းမာရေးဖိုရမ်၊ လန်ချန်း-မဲခေါင်ဒေသ သိပ္ပံနည်းပညာလူမှုရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး ဖိုရမ်၊ လူငယ်သိပ္ပံပညာရှင်များဖိုရမ်၊ ရှားပါးပြီး တန်ဖိုးကြီးသော သတ္တုစက်မှုလုပ်ငန်း ဆန်းသစ်တိုးတက်ရေးဖိုရမ်၊ လုပ်ငန်းရှင်များ ဆန်းသစ်တီထွင်မှုဖိုရမ်၊ ဉာဏ်ရည် တုဖိုရမ်၊ ''သိပ္ပံနည်းပညာ+ဘဏ္ဍာရေး'' ဖိုရမ်၊ နေထိုင်ခြင်းနှင့်ဆေးဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဆန်းသစ်တိုးတက်ရေး ဖိုရမ် စုစုပေါင်း ၁ဝ ခုသော ကွဲပြားသည့်ဖိုရမ်များကိုလည်း ကျင်းပခဲ့သည်။ ထို့အပြင် သိပ္ပံနည်းပညာ ကြိုတင် ခန့်မှန်းခြင်းနှင့် အနာဂတ်မျှော်မှန်းချက် ဆွေးနွေးပွဲ၊ တောင်အာရှနှင့်အရှေ့တောင် အာရှ နိုင်ငံတကာ ပညာပိုင်ဆိုင်မှုဆိုင်ရာဆွေးနွေးပွဲ၊ ကွမ်တမ်သိပ္ပံနည်းပညာ ဆန်းသစ်တိုးတက်ရေး ဆွေးနွေးပွဲ၊ အရည်အချင်းပြည့်ဝသူများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းမိတ်ဆက်ပွဲ၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် သယ်ယူပို့ဆောင် ရေး ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ အကယ်ဒမီဝင်များ၏ သိပ္ပံပညာ ပြန့်ပွားရေး လှုပ်ရှားမှုများ၊ သိပ္ပံနည်းပညာ ဆန်းသစ်တိုးတက်မှုရလဒ် များ ပြသခြင်းနှင့် အသွင်ပြောင်းအသုံးချမှု ချိတ်ဆက်ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းစဉ်မျိုးစုံလည်း ပါဝင်သည်။ လက်ရှိအချိန်ထိ၊ နိုဘယ်လ်ဆုရ ရူပဗေဒပညာ ရှင် ကွန်စတန်တင် နိုဗိုဆီလော့ဗ်၊ ဖီး(လ်)ဇ်ဆုရ အက်ဖီဂျာမနော့ဗ်၊ တူရင်းဆုရ ယောင်ချီကျဲ့ အပါအဝင် အကယ်ဒမီဝင် ၁၂၇ ဦး၊ ပြည်တွင်းပြည်ပ တက္ကသိုလ် အဓိပတိ ၇၅ ဦး၊ ပညာရှင်နှင့် အတွေးအခေါ်ပညာရှင် ၄ဝဝ ကျော်၊ စွန့်ဦးလုပ်ငန်း ရှင်နှင့် ဘဏ္ဍာရေးပညာရှင် ၆ဝဝ ကျော်တို့က ဖိုရမ်လှုပ်ရှားမှုများသို့ ပါဝင်ခဲ့ ကြောင်း အတည်ပြုထားပြီဖြစ်သည်။
ထိန်ချုံးသိပ္ပံပညာရှင်များဖိုရမ် စီမံကိန်းကော်မတီ၏ ဂရုတစိုက် စီစဉ်မှုနှင့် ကဏ္ဍအသီးသီး၏ ပူးပေါင်းပါဝင်မှုအောက်တွင်၊ ဤဖိုရမ်သည် ဆင်ခြင်တုံတရားကို အမွေဆက်ခံခြင်း၊ အနောက်တောင်ဘက်တွဲဖက်တက္ကသိုလ်၏ စိတ်ဓာတ်ကို ဆက် လက်ထိန်းသိမ်းခြင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ဦးဆောင်မှုဖြင့် သိပ္ပံနည်းပညာ ရှေ့ချီ နယ်ပယ်ကို စူးစမ်းခြင်း၊ လူငယ်များအား စွမ်းအားပေးခြင်းနှင့် လူ့စွမ်းအားအရင်း အမြစ် ပြုစုပျိုးထောင်ရေးကို ထောက်ပံ့ခြင်း၊ အသွင်ပြောင်းခြင်းကို အလေးပေးကာ စက်မှုလုပ်ငန်း အခြေစိုက်စခန်းကို ခိုင်မာစေခြင်း၊ လက်တွဲကာရယူခြင်းနှင့် ပွင့်လင်း ပြီး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်း စသည့် အင်္ဂါရပ် ၅ ရပ်ကို ပြသခဲ့ သည်။
၂ဝ၂၂ ခုနှစ်မှစ၍ ထိန်ချုံးသိပ္ပံပညာရှင်များဖိုရမ်ကို အကြိမ် ၃ ကြိမ် မြောက် အောင်မြင်စွာ ကျင်းပပြီးဖြစ်ကာ၊ အကယ်ဒမီဝင် ၂၈၅ ဦး၊ တက္ကသိုလ်အဓိပတိ ၁၃၉ ဦး၊ ပညာရှင်နှင့် အတွေးအခေါ်ပညာရှင် ၁၃ဝဝ ကျော်၊ စွန့်ဦးလုပ်ငန်းရှင်နှင့် ဘဏ္ဍာရေးပညာရှင် ၁ဝဝဝ ကျော်တို့ကို ဖိတ်ကြားခဲ့သည်။ ဖိုရမ်က ''ထိန်ချုံး သိပ္ပံ ပညာရှင်များဖိုရမ် ကြေညာချက်'' ကို ထုတ်ပြန်ခဲ့ပြီး ''ထိန်ချုံးသိပ္ပံဆု'' ကို တည် ထောင်ကာ၊ ဖိုရမ်ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ယူနန်ပြည်နယ် တရုတ်ရိုးရာတိုင်းရင်းဆေး များ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ရန်ပုံငွေကို ဖွဲ့စည်းသတ်မှတ်ခဲ့သည်။ ထို့အပြင် အရည်အချင်းပြည့်ဝသူများ စုဆောင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး စီမံကိန်း ၁၂၇၆ ခုကို အောင်မြင်စေခဲ့သည်။ ဖိုရမ်သည် တဖြည်းဖြည်းနှင့် သိပ္ပံနည်း ပညာလောက၏ ''နှစ်စဉ် အတွေးအခေါ်ပွဲတော်'' ဖြစ်လာခဲ့ရုံသာမက၊ သိပ္ပံနည်း ပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုတို့ နက်ရှိုင်းစွာ ပေါင်းစပ်မှုကို မြှင့်တင်ပေးခြင်း၊ ပြည်တွင်းပြည်ပ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင် မှု ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းအတွက် အရေးပါသော ပလက်ဖောင်း တစ်ခုလည်း ဖြစ်လာခဲ့သည်။ ယခုနှစ်တွင်၊ ဖိုရမ်သည် ''ကမ္ဘာ့ယဉ်ကျေးမှုအချင်းချင်း ညှိနှိုင်းဆွေးနွေးပွဲ ဝန်ကြီးအဆင့် အစည်းအဝေး ဆောင်ရွက်ရေးစာရင်း'' သို့ အောင် မြင်စွာ ဝင်ရောက်ခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲအဆင့်တွင် တရားဝင် ပါဝင်လာခဲ့ပြီး တရုတ်အထူးသွင်ပြင်နှင့် ကမ္ဘာ့အဆင့်အတန်း သိပ္ပံနည်းပညာ ဖိုရမ် တစ်ခု တည်ဆောက်ရန် ရည်မှန်းချက်ဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ခု လှမ်းနိုင်ခဲ့သည်။
(ယူနန်နေ့စဉ်သတင်း)
德宏网(edehong.com)