(သတင်းစဉ်) မြန်မာ-တရုတ်ချစ်ကြည်ရေး အားကစားပူးပေါင်းဆောင် ရွက်ရေးလှူဒါန်းပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ သည်။ သံအမတ်ကြီး မစ္စမာကျား၊ မြန်မာနိုင်ငံအားကစားနှင့် လူငယ် များရေးရာဝန်ကြီးဌာန ဝန်ကြီးဂျယ်ဖောင်နော်တောင်၊ ရန်ကုန်တိုင်းဒေသ ကြီးအုပ်ချုပ်ရေးမှူးဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ သိုင်းပညာ၊ လှေလှော် အသင်း၊ ဘောလုံးအသင်း၊ ခြင်းလုံးအသင်းတို့မှ ကိုယ်စားလှယ်များနှင့် အားကစားသမားပေါင်း ၄ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

မြန်မာအားကစားသမားများအား အားကစားကဏ္ဍတွင် ပို၍တိုးတက်နိုင်စေ ရန် ရည်ရွယ်၍ လှူဒါန်းပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ-တရုတ် အားကစားဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးကို ပိုမို တိုးတက်စေကြောင်း မစ္စမာကျား ကဆိုသည်။ တရုတ်ဘက်သည် မြန်မာ ဘက်နှင့်အတူ အားကစားစိတ်ဓာတ်၏ လက်တွေ့ကျင့်သုံးသူ၊ ယဉ်ကျေး မှုများ အပြန်အလှန်လေ့လာခြင်း၏ ဖြန့်ဖြူးသူနှင့် သာယာလှပသည့် အိမ်ရာကို တည်ဆောက်သူအဖြစ် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိပြီး အားကစားဖြင့် နှစ်နိုင်ငံပြည်သူများအကြား ပိုမိုနားလည်မှုနှင့် ချစ်ခင်မှု ကို တည်ဆောက်ကာ တရုတ်-မြန်မာ ကံကြမ္မာအဖွဲ့အစည်းကို တည်တံ့ ခိုင်မာ ရှည်ကြာစွာ ရှေ့ဆက်နိုင်ရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ဘက်၏ ရေရှည်အထောက်အပံ့ပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို အားကောင်းစေရန်အတွက် တရုတ်ဘက်နှင့် အား ကစားပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဝန်ကြီး ဂျယ်ဖောင်နော်တောင် က ပြောကြားခဲ့သည်။
လှုပ်ရှားမှုအခမ်းအနား၏အငွေ့အသက်သည် ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ခင်မှုဖြင့် ပြည့်နှက်နေပြီး မြန်မာသိုင်းနှင့် ခြင်းလုံးအားကစားသမား များက ကျွမ်းကျင်မှုပြသခြင်းနှင့် ဖျော်ဖြေမှုများ တင်ဆက်ခဲ့ကြသည်။
德宏网(edehong.com)