မကြာသေးမီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ၁၈ ဦး၏ သံအမတ်ခန့်အပ်လွှာများကို လက်ခံရယူခဲ့သည်။
ပြည်သူ့ခန်းမဆောင်ကြီး၏ မြောက်ဘက်အဝင်ပေါက်တွင် ဂုဏ်ပြုတပ်ဖွဲ့ မှ ဂုဏ်ပြုတီးမှုတ်ကြိုဆိုကြပြီး သံအမတ်ကြီးများသည် နိုင်ငံတော်အလံများ စိုက်ထူထားသည့် လမ်းတစ်လျှောက်ကို ဖြတ်သန်းကာ စကျင်ကျောက် လှေ ကားထစ်များအတိုင်း စင်ပေါ်သို့တက်ရောက်လာခဲ့ကြသည်။
လှပကြွယ်ဝသောမြေ အမည်ရှိ ဧရာမနံရံကပ်ပန်းချီကားကြီးရှေ့တွင် မစ္စတာ ရှီကျင့်ဖျင်သည် သံအမတ်ကြီးများထံမှ သံအမတ်ခန့်အပ်လွှာများကို အသီး သီးလက်ခံရယူခဲ့ပြီး တစ်ဦးချင်းစီ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ သည်။
သံအမတ်ကြီးများမှာ တရုတ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးUner? တရုတ်နိုင်ငံဆိုင်ရာသြစတြီးယားသံအမတ်ကြီးWolf Dietrich Hwim? တရုတ်နိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး Peter Wilson? တရုတ်နိုင်ငံဆိုင်ရာ အီရတ်သံအမတ်ကြီး Ahmed Berwari? တရုတ်နိုင်ငံဆိုင်ရာ ဆိုက်ပရပ်စ်သံအမတ်ကြီးSophianou? တရုတ်နိုင်ငံဆိုင်ရာ မောရစ်ရှသံအမတ်ကြီးSiew Hew Sam? တရုတ်နိုင်ငံဆိုင်ရာ စလိုဗက်ကီးယားသံအမတ်ကြီးLajčiak ? တရုတ်နိုင်ငံဆိုင်ရာ ဂါနာသံအမတ်ကြီး Bonsu? တရုတ်နိုင်ငံဆိုင်ရာ နမီးဘီးယားသံအမတ်ကြီး Emvula? တရုတ်နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံအမတ်ကြီးRoh Jae-heon?တရုတ်နိုင်ငံဆိုင်ရာ ဥရုဂွေးသံအမတ်ကြီးCabral တရုတ်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးMarty? တရုတ်နိုင်ငံ ဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီးJawad? တရုတ်နိုင်ငံဆိုင်ရာ ပီရူးသံ အမတ်ကြီး Vásquez ? တရုတ်နိုင်ငံဆိုင်ရာ လက်ဘနွန်သံအမတ်ကြီးRaad ? တရုတ်နိုင်ငံဆိုင်ရာ ကွန်ဂို (ROC) သံအမတ်ကြီးMamina?၊ တရုတ်နိုင်ငံဆိုင်ရာ လီဆိုသိုသံအမတ်ကြီးMapaballo Mile နှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့် တို့ ဖြစ်ကြ သည်။
အခမ်းအနားအပြီးတွင် ရှီကျင့်ဖျင်သည် ပေကျင်းပြည်သူ့ခန်းမ၌ သံအမတ်ကြီးများအား မိန့်ခွန်းပြောကြားခဲ့သည်။
ရှီကျင့်ဖျင်က သံအမတ်ကြီးများ တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာခြင်းကို ကြိုဆိုကြောင်း၊ သံအမတ်ကြီးများ၏နိုင်ငံခေါင်းဆောင် များနှင့် ပြည်သူများထံသို့ မိမိ၏ ဆုတောင်းမေတ္တာများကို တစ်ဆင့်စကား ပါးလိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သံအမတ်ကြီးများအနေဖြင့် တရုတ်နိုင်ငံ၏ နေရာအနှံ့သို့ သွားရောက်လေ့လာပြီး စစ်မှန်သော တရုတ် နိုင်ငံကို ဘက်စုံစွာ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ရန်နှင့် တရုတ် နိုင်ငံနှင့် နိုင်ငံအသီးသီးအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် တကြွ်ကစွာ ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်က ယနေ့ခေတ် တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သစ်သို့ ရဲဝင့်စွာချီတက်လျှောက်လှမ်းနေ ကြောင်း အလေးပေးပြောကြားခဲ့သည်။ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ကို အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ပြီး ွီဏ မှာ ဆက်တိုက်တိုးတက်ကြောင်း သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ စိမ်းလန်းသောတောင်တန်း ရေမြေသည် တရုတ်နိုင်ငံ၏ အလှတရားဖြစ်ပြီး ပြည်သူတို့၏ လူနေမှုဘဝ မြှင့်တင်ရေးတွင်လည်း စိတ်ကျေနပ်ဖွယ်ရလဒ်များ ရရှိခဲ့ကြောင်း ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း အတွက် အဆိုပြုချက်များ သည် နောင် ၅ နှစ်တာ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုး တက်မှုအတွက် လမ်းပြမြေပုံတစ်ခုဖြစ်ရုံသာမက ကမ္ဘာကြီးနှင့်ပူးတွဲကာ အခွင့်အလမ်းသစ်များ တည်ဆောက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒသည် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး အရည်အသွေးမြင့်မားသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွစွာ တွန်းအားသစ်များကို ထည့်ဝင်ပေးကာ ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် လှပသောကမ္ဘာကြီးကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် ရာစုနှစ်တစ်ခုအတွင်း အပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေပြီး နိုင်ငံတကာအခြေအနေမှာ ရှုပ်ထွေးကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ရှီကျင့်ဖျင်က ထောက်ပြခဲ့သည်။ သဘောထားကွဲလွဲမှုများနှင့် တစ်ဖက်ကရှုံးပြီးတစ်ဖက်ကနိုင်သော (Zero-sum game) တို့သည် လူသားတို့၏ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း မဟုတ်ကြောင်း အင်အားကြီးသူက အင်အားငယ်သူကို နိုင်ကျင့်သောတောရိုင်းဥပဒေ (The Law Of The Jungle) သည် လူသားအတူ ရှင်တွဲရှင်သန်ခြင်း လမ်းကြောင်းမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့သာလျှင် လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် မှန်ကန်သည့်လမ်းကြောင်းနှင့် ထာဝရဆောင်ပုဒ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် သမိုင်း၏ မှန်ကန်သောဘက်တွင် အမြဲရပ်တည်ပြီး ပြည်သူ့ ဆန္ဒနှင့်ကမ္ဘာကြီး၏ အကျိုးစီးပွားအတွက် နိုင်ငံများနှင့်လက်တွဲကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆင်ဟွာ
德宏网(edehong.com)