Myanmar မှာ ဝက်ဆိုက်
ယူနန်ပြည်နယ်သည် စိတ်ချင်းဆက်နွှယ်မှုကို အားကောင်းလာစေရန် ဗဟိုချိတ်ဆက်မှုကို တည်ဆောက် စိတ်၏တံတားဖြင့် ချစ်ခြင်းမေတ္တာကို လန်ချန်း-မဲခေါင်သို့ ပျံ့နှံ့စေ


ဆယ်နှစ်ကြာ ကြိုးပမ်းမှုဖြင့် ဆယ်နှစ်တာ တေးသီဆို။ တရုတ်နိုငံ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများသို့ ထိုးဖောက်ပြီး လွှမ်းခြုံမှုရှိ သည့်ဗဟိုအဖြစ်တည်ဆောက်ရာတွင် ယူနန်ပြည်နယ်သည် လူထု၏ စိတ် ချင်းဆက်နွှယ်မှုကို အပြန်အလှန်နားလည်မှုကို ရွှေသော့ချောင်းနှင့် ဒေသ တွင်း ပူးပေါင်ဆောင်ရွက်မှု၏ ဖိအားထိန်းကျောက်အဖြစ် အမြဲထားရှိပြီး ပညာရေးကို ချိတ်ဆက်မှုအဖြစ်၊ ကျန်းမာရေးကို မဏ္ဍိုင်အဖြစ်၊ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးလုပ်ငန်းကို တံတားအဖြစ် အသုံးပြုကာ လူမှုရေးအပြန် အလှန်ဆက်သွယ်မှု၏ မြေဆီလွှာကြီးကို နက်ရှိုင်းစွာ ပျိုးထောင်ရင်း အိမ်နီး ချင်းများနှင့် ချစ်ခင်ရင်းနှီးမှု၏ မျိုးစေ့များကို လန်ချန်း-မဲခေါင်မြစ်နှစ်ဘက် တွင် အမြစ်တွယ်စေပြီး အနီးပတ်ဝန်းကျင်၏ ကံကြမ္မာအသိုင်းအဝိုင်းကို တည်ဆောက်ရာတွင် နူးညံ့ပြီး ရေရှည်ခံသော အားအင်များကို ထည့်သွင်းပေး ပါသည်။

ပညာရေးကို အခြေခံ၍ အနာဂတ်ဖွံ့ဖြိုးမှုအတွက် လက်တွဲဖော်ကို ပျိုးထောင်

ပညာရေးသည် ပြည်သူတို့၏ စိတ်နှလုံးချိတ်ဆက်မှုအတွက် ပထမဆုံး သော လျှို့ဝှက်ကိန်းဂဏန်းဖြစ်သလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့တွင် အဋ္ဌမအကြိမ်မြောက် တောင်အာရှနှင့် အရှေ့တောင်အာရှ ပညာရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ကူမင်း၌ ကျင်းပခဲ့သည်။ ဖိုရမ်တွင် ယူနန်ပြည်နယ်ပညာရေးဝန်ကြီးဌာနနှင့် လာအို ပညာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးဖိုးခဲ့ကြပြီး၊ ယူနန်တက္ကသိုလ်နှင့် လာအို သိပံ္ပနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မော်လ်ဒိုက်အမျိုးသား တက္က သိုလ်စသည်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို လက် မှတ်ရေးထိုးခဲ့ကြကာ လန်ချန်း-မဲခေါင်အလုပ်ရုံ တည်ဆောက်ရေးစီမံကိန်း နှင့် ၂၀၂၆ ခုနှစ် ဒေသတွင်း စီးပွားရေးမဟာမိတ်သဘောတူညီချက် ျွဃနဏ လူငယ်အပြန်အလှန်ဖလှယ်ရေး အစီအစဉ်ကို စတင်ခဲ့သည်။

သင်ရိုးညွှန်းတမ်း ပူးပေါင်းတည်ဆောက်မှုမှ သင်ကြားရေးအဖွဲ့ဝင်များ အပြန်အလှန်စေလွှတ်ခြင်းအထိ၊ လူထူးချွန်ပြုစုပျိုးထောင်ရေးအတွက် စံနှုန်း ပူးပေါင်းဆောင်ရွက်မှုမှ သုတေသနရလဒ်များကို ပူးပေါင်းအကောင်အထည် ဖော်သည်အထိ၊ ၈ကြိမ်မြောက် တောင်အာရှနှင့် အရှေ့တောင်အာရှ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကူမင်းဖိုရမ်မှ ထွက်ပေါ်လာသော ပူးပေါင်းဆောင် ရွက်မှုရလဒ်များသည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မရပ်မနား ဆက်တိုက် အကျိုးပြုလျက်ရှိသည်။

ဆက်လက်တောက်ပလျက်ရှိသည့် ပြည်သူချင်း ချစ်ခင်စေရန် ပညာ ရေးဖြင့် ချိတ်ဆက် အမှတ်တံဆိပ်ဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုလိုအပ် ချက်များနှင့် တိကျစွာချိတ်ဆက်ကာ ယူနန်ပြည်နယ်သည် ပညာရေးပူးပေါင်း ဆောင်ရွက်မှုကို လူမှုရေးအပြန်အလှန်ဆက်သွယ်မှု၏ ထင်ရှားသော နေရာ တွင်ထားရှိပြီး ဖိုရမ်ဖြင့် ပလက်ဖောင်းတည်ဆောက်ကာ၊ စီမံကိန်းများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ကျောင်းနှင့် ဒေသ ပူးပေါင်းဆောင် ရွက်မှုနှင့် စီးပွားရေးနှင့်ပညာရေး အပြန်အလှန်အကျိုးရှိသည့် ထူးခြားသော လမ်းကြောင်းကို လျှောက်လှမ်းခဲ့သည်။

လာအိုသံလမ်းနည်းပညာအသက်မွေးပညာသင်ကျောင်း၊ ယူနန်စီးပွားရေးနှင့် ဘဏ္ဍာရေးတက္ကသိုလ် ဘန်ကောက်စီးပွားရေးကျောင်း စသည့် အထင်ကရ ပူးပေါင်းပညာရေးစီမံကိန်းများ အခြေချအောင်မြင်လာပြီး ဒေသ တွင်း ရထားပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးစသည့် စီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များနှင့် တိကျစွာချိတ်ဆက်ကာ တရုတ်နိုင်ငံ၏ သက်မွေးပညာနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ အတွေ့အကြုံများကို ဒေသ တွင်း လူသားအရင်းအမြစ်ပြုစုမှုစနစ်ထဲသို့ နက်ရှိုင်းစွာ ထည့်သွင်းပေါင်းစပ် ထားပါသည်။ ယနေ့တွင် ယူနန်၏ ပညာရေးပူးပေါင်းဆောင်ရွက်မှုသည် ကျောင်းအချင်းချင်း တွဲဖက်ဆောင်ရွက်မှုပုံစံကို ကျော်ဖြတ်ကာ အလုပ်အ ကိုင် ကျွမ်းကျင်မှုသင်တန်း၊ သုတေသနနှင့် ထုတ်လုပ်မှု၊ ပူးပေါင်းဆောင် ရွက်မှု စသည့်နယ်ပယ်များအထိ တိုးချဲ့လာပြီဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ များ၏ အခြေခံဆောက်အအုံ တည်ဆောက်ရေး၊ အပူပိုင်းစိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်ရေးစသည့် လိုအပ်ချက်များအတွက် ယူနန်ပြည်နယ်က ပြုပြင်ပြီး ပြည့်စုံသော သင်ရိုးညွှန်းတမ်းများကို ထုတ်ဝေကာ ပညာရေးပူးပေါင်း ဆောင်ရွက်မှုကို ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၏ လူ့စွမ်းအား အင်ဂျင် အဖြစ် အမှန်တကယ်ဖြစ်လာစေပါသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ယူနန်ပြည်နယ်ရှိ တက္ကသိုလ် ၁၄ ခုတွင် တရုတ်-နိုင်ငံတကာပူးပေါင်းပညာရေးအဖွဲ့အစည်းနှင့် စီမံကိန်း ၄၄ ခု ကျင်းပခဲ့ပြီး၊ ပြည်ပတွင် ဃသည်ကခငကျ ှုညျအငအကအန ၂၂ခုနှင့် ပညာရေးစီမံကိန်း ၂၆ ခုကျင်းပခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တွင် အနောက်တောင်အာရှနှင့် တောင်အာရှမှ ကျောင်းသား ၂၀ဝ၀ဝ ကျော် ပညာသင်ကြားလျက်ရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၏ လူသားအရင်း အမြစ် သွေးကြောလေးများ ဖြစ်လာနေပါသည်။

ကူမင်းဆေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော မြန်မာနိုင်ငံသား ကျောင်းသူ ့ညေါ ူငညေ သည် လက်ရှိကျောင်းသားဘဝကို အလွန်နှစ်သက် ပါသည်။ “ကျောင်းရဲ့ သင်ကြားရေးဝန်းကျင်က ကောင်းမွန်ပြီး ပညာရပ်ဆိုင် ရာ ဆေးပညာအသိပညာတွေနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်းအရာတွေကို အများကြီးလေ့လာ သင်ယူခဲ့ရပါတယ်၊ ကျောင်းဆရာ၊ဆရာမတွေနဲ့ အတန်း ဖော်တွေကလည်း ကျွန်မကို အရမ်းဂရုစိုက်ကြပါတယ်”ဟု ရန်လိဏကပြော သည်။ ဘွဲ့ရပြီးနောက် ကလေးဆေးပညာရှင်ဖြစ်လိုကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်ပြီးနောက် သင်ကြားခဲ့သည့်ပညာနှင့် အတွေ့အကြုံများနှင့် တရုတ်နိုင်ငံ အကြောင်းကို ပိုမိုများပြားသော မိဘဆွေမျိုးချင်း များအား သိရှိနားလည်စေ လိုသောကြောင့် အားလုံးနှင့် မျှဝေသွားမည်ဖြစ်ကြောင်း ရန်လိဏက ဆိုသည်။

ဆေးကုသမှုကို တံတားအဖြစ် ကျန်းမာရေးကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်

ပြည်သူအကြား စိတ်ချင်းဆက်နွှယ်ခြင်းသည် ရေငတ်သောသူကို ရေတိုက်သကဲ့သို့ အဖိုးတန်လှပါသည်။ ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ယူနန်တက္ကသိုလ် ပူးတွဲဆေးရုံ၏ မျက်စိ အထူးကု ဒုတိယညွှန်ကြားရေးမှူး လီယန်သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီး မင်းမဒီစံဆေးရုံတွင် အသက် ၆၃ နှစ်အရွယ် ဒေါ်ရွှေဝင်းအား တိမ်ကွယ် ခွဲစိတ် ကုသပေးခဲ့သည်။ “တရုတ်ဆရာဝန်ကြီးကို ကျွန်မ အကြာ ကြီး စောင့်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု မျက်လုံးပြန်မြင်လာရသည့် အခိုက် ဒေါ်ရွှေဝင်၏ မျက်ဝန်းမှ မျက်ရည်များက ရေစီးသလို ပြိုကျလာ လျက် ကျေးဇူးတင်ကြောင်း တတွတ်တွတ်နှင့် ပြောသည်။

၂၀၁၇ ခုနှစ်တွင် ယူနန်ပြည်နယ် ဏကတငေ နှလုံးနှင့်သွေးကြောရောဂါ ဆေးရုံ၏ အမှုဆောင်ဆေးရုံအုပ်ကြီး ဖန်းရှန်းပင်းဦးဆောင်သောအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ြအေအောဘညေ ပြည်နယ်သို့ သွားရောက်ကာ ကလေးများ အတွက် မွေးရာပါနှလုံးရောဂါစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စစ်ဆေးရာတွင် ဖန်းစိုင်းလာ အမည်ရှိ ကောင်လေးတစ်ဦးတွင် ရှုပ်ထွေးသော မွေးရာပါနှလုံး ရောဂါရှိနေပြီး ရောဂါအခြေအနေပြင်းထန်သည်ကို တွေ့ရှိခဲ့သည်။ ဒေသခံ ဆေးရုံဆေးဝါးအခြေအနေ သိပ်အဆင်မပြေသဖြင့် ယူနန်ပြည်နယ် ဏကတငေ နှလုံးနှင့်သွေးကြောရောဂါဆေးရုံသို့ ပို့ဆောင်၍ စနစ်ကျသော ကုသမှုကို ခံယူစေခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဖန်းစိုင်းလာသည် ဆေးရုံသို့ တကူးတကလာရောက်ကာ နိုင်ငံဖြတ်ကျော်သော ကျေးဇူးနှင့် ခင်မင်မှုကို စိတ်ရင်းမှန်ဖြင့် ဖော်ပြခဲ့သည်။

ဆယ်စုနှစ်တစ်ခုအတွင်း ယူနန်ဆေးဘက်ဆိုင်ရာအဖွဲ့၏ ခြေရာများ သည် လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား စသည့်နိုင်ငံများအထိ ပျံ့နှံ့ခဲ့ပြီး အလင်းရောင် လှုပ်ရှားမှုသည် နိုင်ငံအသီးသီးမှ တိမ်ကွယ်ဝေဒနာရှင် ၅၈၀ဝ ဦးကျော်၏ အမြင်အာရုံကို ပြန်လည်ရှင်သန်စေခဲ့သည်။ ချစ်ခြင်းမေတ္တာ မွေးရာပါနှလုံးရောဂါ ကယ်တင်ကုသရေးပရောဂျက်သည် ကလေးငယ် ပေါင်း ၂၀ဝကျော်အတွက် တဖန်ရှင်သန်မှုကို ရရှိစေခဲ့သည်။ ကိုဗစ်ကပ်ဘေး အဆိုးဆုံးကာလတွင် ယူနန်သည် အနီးပတ်ဝန်းကျင်နိုင်ငံများသို့ ဆေးဘက် ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ကို စေလွှတ်ခဲ့ပြီး တရုတ်တိုင်းရင်းဆေးဝါး ဖြင့် ကုသမှုပရောဂျက်ကို မျှဝေပေးကာ ဆေးဘက်သုံးပစ္စည်း တန်ချိန် ထောင်ကျော်ကို လှူဒါန်းပေးခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ရချ်စ်တာစကေး ၇.၉ အဆင့်မြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက် ယူနန်သည် အရေးပေါ်အကူအညီပေးရန် နေ့ညမဆိုင်း အမြန်ရောက် လာပြီး မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိသည့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့နှင့် အသက်ရှင်နေသေးသူကို ကယ်ထုတ်နိုင်သည့် အဖွဲ့ဖြစ်လာခဲ့သည်။ တောတာင်ရေမြေကို အကြိမ်ကြိမ်ဖြတ်သန်းကာ ရင်ထဲမှ ထွက်ပေါ်လာသော ကျေးဇူးတင်စကားများက ကျန်းမာရေးဖြင့် စောင့်ရှောက်သည့် အင်အားကို ဒေသခံရွာများတွင် အမြစ်တွယ်စေခဲ့သည်။

ယနေ့တွင် ယူနန်ပြည်နယ်၏ ဆေးဝါးအကူအညီပေးမှုသည် တစ်ကြိမ်တည်း အခမဲ့ဆေးကုသမှု ပုံစံမှ ခွဲထွက်လာပြီး နည်းလမ်းသင်ကြား ပေးခြင်းပုံစံဖြင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုသို့ လှည့်လာပြီဖြစ်သည်။ နိုင်ငံကို ဖြတ်ကျော်သော အသက်ရှင်ရေးလမ်းကြောင်းသည် ဒေသတွင်း ကျန်းမာရေးအသိုင်းအဝိုင်းတည်ဆောက်ရာ၌ နွေးထွေးသော အထောက်အ ထား တစ်ခုလည်းဖြစ်လာသည်။

ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို တူရိယာအဖြစ် ယဉ်ကျေးမှုချင်း ချင်း အပြန်အလှန်လေ့လာမှု၏ သံစုံတေးကို တီးမှုတ်

ချန်းယွမ် ဝလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မုန်တုန်မြို့နယ် လုံနိုင် ရွာ၏ ရွာဝင်ပေါက်အနီးရှိ ရှေးဟောင်း ညောင်ပင်ကြီးအောက်တွင် တည် ဆောက်ထားသော ပေါက်ဖော်ဇရပ်သည် မှတ်တိုင်တစ်ခုဖြင့် နှစ်နိုင်ငံကို ခြား၊ ခြေတစ်လှမ်းခြားသည့် အမိမြေဟူသော ထူးခြားသည့်ပထဝီအနေ အထားကို သက်သေပြနေပါသည်။ ရွာအတွင်းရှိ မြင်းစီးဆောင်နံရံတွင် ရေးဆွဲထားသော ဝလူမျိုးတို့၏ ဂျီသြမေတြီပုံများနှင့် မြန်မာဗဒုမ္မာကြာပန်းပုံ နှင့် ရောနှောပါဝင်နေပြီး နယ်နိမိတ်ဖြတ်ကျော်သော ယဉ်ကျေးမှု ပေါင်းစပ် မှု၏ အသက်ဝင်သော သက်သေဖြစ်လာသည်။ ယူနန်သည် ပထဝီအနေ အထား အားသာချက်ကို အပြည့်အဝအသုံးချ၍ လူထုအခြေခံကို ပိုမို ခိုင်မာ စေပြီး ရောင်စုံများပြားသော ယဉ်ကျေးမှုနှင့် ခရီးသွားလှုပ်ရှားမှုကို အခြေခံ အုတ်မြစ်အဖြစ် အသုံးပြုကာ မတူကွဲပြားသော ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရန်တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။

၁၃ နှစ် ဆက်တိုက်ကျင်းပ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံ များ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်သည် မြစ်ဝှမ်းဒေသနိုင်ငံ များ ယဉ်ကျေးမှုဖလှယ်ရာတွင် ရွှေတံတားဖြစ်လာသည်။ တစ်ချိန်တည်း မှာပင် လန်ချန်း-မဲခေါင် ရုပ်သံပတ်တွင် မု အိမ်တော်ရာ အပါအဝင် တရုတ်ရုပ်ရှင်နှင့် တီဗီဇာတလမ်း ၅၆ ကားကို ဘာသာပြန်ဆို ထုတ်လွှင့် ရန် တွန်းအားပေးကာ ပွဲတော်လှုပ်ရှားမှုအား ယဉ်ကျေးမှုဖလှယ်မှုကို ပို၍ စုံလင်စေသည်။ နှစ်စဉ်ကျင်းပသည့် ရေသဘင်ပွဲတော်တွင် ဆစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ နယ်စပ်ဂိတ်ကို သီဆိုကခုန်မှု ဖြင့် ပြည့်နှက်လျက်ရှိပါသည်။ တရုတ်-မြန်မာ ပေါက်ဖော်ပွဲတော်၊ တရုတ်- လာအို-ဗီယက်နမ် သုံးနိုင်ငံကျင်းပသည့် အထုပ်ပစ်ပွဲ စသည့်ရိုးရာပွဲတော် များက နယ်စပ်လမ်းကြောင်းကို ယဉ်ကျေးမှုဖလှယ်ရာလမ်းကြောင်းအဖြစ် ပြောင်းလဲသွားစေသည်။ တိုင်းရင်းသားညီအစ်ကိုများက ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ ကုကြခုန်ကြသည်။ ဒြပ်မဲ့ယဉ်ကျေးမှုပြသခြင်း၊ အစားအစာများ ဖလှယ်ခြင်း၊ ရိုးရာဓလေ့များ တွေ့ကြုံခံစားခြင်း စသည့် လှုပ်ရှားမှုများသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး ပျော်ရွှင်မှုနှင့် ရယ်မောသံများကြားတွင် ကွဲလွဲမှုများ ပျောက်ကွယ်ကာ ချစ်ခင်မှုကို တိုးပွားစေသည်။ ဤလှုပ်ရှားမှု များသည် ရိုးရာအနုပညာပြသမှုများကို ကျော်လွန်ပြီး ဒေသတွင်း ယဉ်ကျေး မှုများ ပေါင်းစပ်ရာ အခမ်းအနားတစ်ခုဖြစ်လာသည်။

ယဉ်ကျေးမှုသည် စိတ်နှလုံးချင်းဖလှယ်ရန် တံတားတစ်စင်းဖြစ်ပြီး ခရီးသွားလာရေးသည် ခင်မင်ရင်းနှီးမှုကို တိုးမြှင့်စေသည့် ကြိုးတစ်ချောင်း ဖြစ်သည်။ တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြေးဆွဲသည့် လေးနှစ်တာ တွင် ခရီးသွားပေါင်း ၆၂.၅၀ သန်းဦးကို ပို့ဆောင်ခဲ့ပြီး “ရထားစီးပြီး ယူနန် သွားလည်မယ်” သည်ဒေသတွင်း ခေတ်မီသော ခရီးသွားဖြစ်လာသည်။ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာခရီးသွားကုန်စည်ပြပွဲကို အောင်မြင်စွာ ကျင်းပခြင်း၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကျင်းပခြင်း၊ တရုတ်-လာအို-ကမ္ဘောဒီးယား သမိုင်းဝင် အထိမ်းအမှတ် နေရာများသို့ ကိုယ်တိုင်ကားမောင်း၍ သွားရောက်လည်ပတ်ခြင်း စသည်တို့ ဖြင့် “ယူနန်လို့ခေါ်တဲ့ နေထိုင်မှုတစ်မျိုး” သည် လူအများစု၏ စိတ်ကို ဆွဲဆောင်သော အရာဖြစ်လာခဲ့သည်။ ဗီဇာကင်းလွတ်မူဝါဒကို ထုတ်ပြန်ကာ နယ်စပ်ဖြတ်ကျော်ခရီးသွားလာရေးကို ရှုခင်းနေရာတွင် ဓာတ်ပုံရိုက်ခြင်းမှ နက်ရှိုင်းသောတွေ့ကြုံခံစားခြင်းသို့ လှည့်ပြောင်းလာကာ ဒေသတွင်းခရီး သွားဈေးကွက် အပြန်အလှန်ချိတ်ဆက်မှုကို အားကောင်းစေပါသည်။ အချက်အလက်များအရ ယူနန်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ အကြား ခရီးသွားလာမှု အရေအတွက်သည် နှစ်စဉ် ၁၉.၇% တိုးတက်လာ ပြီး ခရီးသွားလုပ်ငန်းမှတဆင့် ပြည်သူများ၏ အပြန်အလှန်သွားလာမှုကို နှစ်ဘက်စလုံးတိုးတက်လာသော အခြေအနေသို့ ဦးတည်စေနေပါသည်။ ဆယ်နှစ်ကြာ ပြည်သူချင်းစိတ်နှလုံးချိတ်ဆက်မှု လက်တွေ့အကောင်အထည် ဖော်မှုသည် ရိုးသားမှုဖြင့် စိတ်ရင်းမှန်ကို လဲလှယ်ခြင်းဖြစ်ပြီး လုပ်ဆောင်မှု ဖြင့် ယုံကြည်မှုကို တည်ဆောက်ခဲ့သည့် အသက်ဝင်သော နှစ်လိုဖွယ် အချိန်ကာလတစ်ခုဖြစ်သည်။ ယင်းသည် ချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် အောင်မြင်မှုရရှိရေးတို့၏ အယူအဆများကို ပညာရေးတိုးတက်မှု၊ သိပံ္ပ နှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ယဉ်ကျေး မှု အနုပညာပျော်ရှင်ပွဲ၊ ခရီးသွား အပြန်အလှန် လှည့်လည်လေ့လာမှုတို့၏ အခြေအနေတို့တွင် စနစ်တကျ ပေါင်းစပ်ထည့်သွင်းထားပါသည်။ ခုနစ် ရောင်ခြယ်သည့် ယူနန်နှင့် တောင်အာရှ၊အရှေ့တောင်အာရှနိုင်ငံများ အကြား တည်ဆောက်ထားသော စိတ်နှလုံးတံတားသည် ဒေသတွင်းနိုင်ငံများ၏ ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းနှင့်အတူ အလှအပများကို အတူတကွ ခံစားရန် အနာဂတ်သို့ ခြေလှမ်းများ မြဲမြံစွာ ဆက်လက်လျှောက်လှမ်းနေ မည်ဖြစ်ပါသည်။ ယူနန်ကွန်ရက်


新闻推荐
နွေရာသီတွင် ခြင်ဒဏ်ကာကွယ်နိုင်မည့်နည်းလမ်း 广告