နံနက်ခင်းနေရောင်ခြည်သည် တရုတ်-မြန်မာနယ်စပ်ရှိ မန်ဟိုင်းနယ်စပ်မြို့ လေးပေါ်သို့ ဖြန့်ကျဲကျရောက်လာပြီး လေထုထဲတွင် ငရုတ်သီး၏ လတ် ဆတ်သော ရနံ့များ ပျံ့လွင့်နေသည်။ မန်စီ မန်ဟိုင်းနယ်စပ်မြို့ ဖားယားရွာ မှ ငရုတ်စိုက်တောင်သူ ကျောက်လဲ့တိန်သည် စိုက်ခင်းထဲတွင် တောက်ပနီ ရဲနေသော “ပတ္တမြား” လေးများကို ဆွတ်ခူးနေရင်း မျက်နှာတွင် အပြုံးများ ဖြင့် ပြည့်နှက်နေသည် – “နယ်စပ်မှာ နေထိုင်ရင်း တစ်ချိန်က ချမ်းသာဖို့ လမ်းစ ပျောက်ခဲ့ဖူးတယ်၊ အခုတော့ ဒီနီရဲနေတဲ့ ငရုတ်သီးတွေကြောင့် ဘဝက ပိုပြီး မျှော်လင့်ချက်တွေ ရှိလာပြီ။”
တစ်ချိန်က နယ်စွန်နယ်ဖျားမြို့လေး မန်ဟိုင်းသည် ယခုအခါ ငရုတ်သီး ကြောင့် ဖွံ့ဖြိုးထွန်းကားလာခဲ့ပြီဖြစ်သည်။ မြို့နယ်ပါတီကော်မတီနှင့် အစိုးရ သည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို မျှော်မှန်းကာ၊ စက်မှုကဏ္ဍ အားကောင်း စေရန်၊ ဝင်ငွေတိုးပွားစေရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်စေရန်အတွက် ငရုတ် သီးအား ပင်မထောက်တိုင်အဖြစ် တည်ဆောက်ခဲ့ပြီး နယ်စပ်ကျေးလက် ဒေသ စည်ပင်သာယာဝပြောစေရန် ကြိုးပမ်းနိုင်ခဲ့သည်။
“စီးပွားရေးမူဝါဒကောင်းတွေကြောင့် ပြည်သူတွေက ရဲရဲဝံ့ဝံ့ လုပ်ကိုင်ရဲကြ တယ်” “ငရုတ်သီး ပြန်ဝယ်ယူတဲ့ အနိမ့်ဆုံးဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၃ ယွမ်သတ်မှတ်ထားပေးပြီး ဈေးကောင်းတဲ့အချိန်ဆိုရင် ဆတိုးရတယ်၊ ဒါက တောင်သူတွေအတွက် စိတ်အေးရစေတဲ့ အာမခံချက်ပါပဲ။” မန်ဟိုင်း ရွာသား ချောင်ယွန်းတယ်သည် ကားတစ်စီးလုံးအပြည့်တင်လာသော ငရုတ် သီးကို သမဝါယမအသင်းထံ ပို့ဆောင်ပြီးနောက် လက်ထဲတွင် ပိုက်ဆံ အထပ်လိုက် ကိုင်ထားကာ တကြွ်ကစွာ ပြောသည် – “အထွက်နှုန်း ၅ တန် ကျော်ကို ဝင်ငွေ ယွမ် ၆ သောင်းကျော် ရတယ်၊ အရင်ပြောင်းစိုက်တုန်းက ဒီလိုဝင်ငွေမျိုး စိတ်ကူးတောင် မယဉ်ရဲဘူး။” ဤသို့ နောက်ဆံမတင်းဘဲ လုပ်ကိုင်နိုင်ခြင်းမှာ ဒေသတွင်းရှိ “ထိပ်တန်းလုပ်ငန်း ကုမ္ပဏီ + အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်+ပြန်ဝယ်ယူသည့်အနိမ့်ဆုံးဈေးသတ်မှတ်ထားခြင်း” ဖြစ်သည်။
တက်ဟုန်း ဲကါက စိုက်ပျိုးရေးကုမ္ပဏီလီမိတက်သည် အအေးခန်းထောက် ပံ့သယ်ယူပို့ဆောင်ရေးကို အကောင်အထည်ဖော်ခဲ့ပြီး၊ ငရုတ်သီးများကို ဆွတ်ခူးသည့်နေ့ချင်းပင် ဝယ်ယူကာ အအေးခန်းတွင်သိုလှောင်ထားနိုင်သော ကြောင့် ရာသီဥတုမှီခိုပြီး ဈေးကျမှာကို စိုးရိမ်ရသည့် တောင်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မန်ဟိုင်းမြို့၌ ငရုတ်စိုက်ခင်း ၂၄၀ဝ မိုကျော်မှ ထွက်ကုန်များကို စိုက်ပျိုးရေးကုမ္ပဏီမှ ပြန် ဝယ်ယူပြီး ထုတ်လုပ်မှုတန်ဖိုး ယွမ် သန်း ၃၀ နီးပါး ရှိကာ တောင်သူများ၏ ဝင်ငွေကို ခိုင်မာစွာ မြှင့်တင်ပးနိုင်ခဲ့သည်။
“ပါတီဌာနခွဲက ဦးဆောင်ပြီး သမဝါယမက ပေါင်းကူးတံတားဆောက်ကာ တောင်သူများ ဈေးကွက်အတွက်နောက်ဆံမတင်းပဲ အားသွန်ခွန်စိုက် စိုက်ရုံ ပါပဲ” မန်ဟိုင်းရွာ ပါတီဌာနခွဲ အတွင်းရေးမှူး ယန်ရှန်းပန်းသည် ရွာသား များအကြား “ငရုတ်သီး အတွင်းရေးမှူး” ဟု လူသိများသည်။ လွန်ခဲ့သော ၁၀ နှစ်က သူသည် ချုံချင့်မြို့သို့ မိမိစရိတ်ဖြင့် သွားရောက်အတွေ့ အကြုံယူခဲ့ပြီး ငရုတ်သီးစိုက်ပျိုးရေး၏ ဈေးကွက်အလားအလာကို ယုံကြည် ကာ ဇာတိမြေတွင် စတင်စိုက်ပျိုးရန်စီစဉ်ဆောင်ရွက်ခဲ့သည်။ ရွာသားများ၏ တွန့်ဆုတ်တွေဝေနေမှုကို ကိုယ်တိုင်ဦးဆောင် စမ်းသပ်စိုက်ပျိုးပြပြီး လက် တွေ့ရရှိသော အကျိုးအမြတ်ဖြင့် အားလုံး၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက် ပေးခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ပါတီဌာနခွဲမှ ဦးဆောင်ကာ ဟင်းသီးဟင်းရွက် သမဝါယမအသင်းကို တည်ထောင်ခဲ့ပြီး “ပါတီ + သမဝါယမ + တောင်သူ” ကူညီပံ့ပိုးမှုစနစ်ကို တည်ဆောက်ခဲ့သည်။ နည်းပညာကို အိမ်အရောက် သင်ပေးပြီး ဈေးကွက်အတွက်လည်း ပူစရာမလိုဘဲ ငရုတ်သီးဆွတ်ခူးပြီး သည်နှင့် ငွေချက်ချင်း ရရှိနိုင်စေခဲ့သည်။
သမဝါယမ၏ ပြန်ဝယ်ယူရေးစခန်းတွင် ရယ်မောသံများဖြင့် စည်ကားနေ သည်။ ရွာသားတစ်ဦးက ပြုံးရွှင်စွာဖြင့် “အခု ရွာမှာငရုတ်သီးစိုက်ရတာက မြို့တက်ပြီးအလုပ်လုပ်တာထက်တောင် ပိုပြီး ဝင်ငွေတည်ငြိမ်သေးတယ်” ဟု ပြောသည်။ ၂၀၂၅ ခုနှစ်တွင် သမဝါယမသည် တောင်သူမိသားစု ၄၀ဝ ကျော် (ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာသော မိသားစု ၃၇ စုအပါအဝင်) ကို ဝင်ငွေတိုးပွားစေခဲ့ရာ တစ်အိမ်ထောင်လျှင် နှစ်စဉ်ဝင်ငွေ ယွမ် တစ် သောင်းကျော် တိုးလာပြီး ကျေးရွာစုပေါင်းစီးပွားရေးသည်လည်း ယွမ် ၁ သိန်းကျော်မှ ယွမ် ၆ သိန်း ၆ သောင်းအထိ မြင့်တက်လာကာ အစုအဖွဲ့နှင့် တောင်သူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေခဲ့သည်။ ယန်ရှန်းပန်းက ရွာကော်မတီ စာရင်းစာအုပ်ပေါ်ရှိ တိုးပွားလာသော ကိန်းဂဏန်းများကို ညွှန်ပြရင်း ဂုဏ်ယူစွာဖြင့် “အဖွဲ့အစည်းမှာ ပိုက်ဆံရှိလာတော့ ရွာအတွက် လက်တွေ့ ကျတဲ့ အကျိုးရှိတဲ့အလုပ်တွေ အများကြီး လုပ်ပေးနိုင်တာပေါ့၊ ဒါဟာ ကောင်းမွန်တဲ့ လည်ပတ်မှု ဖြစ်လာတာပဲ မဟုတ်လား။” ဟု ပြောကြားခဲ့ သည်။
“မြေကြီးထဲမှာ ရွှေ ရှိတယ်၊ တူးတတ်ဖို့ပဲ လိုတယ်။”လုပ်ငန်းဖွံ့ဖြိုးထွန်းကား ရခြင်းသည် တောင်သူများ၏ ကိုယ်ပိုင်Óဏ်စွမ်းအပေါ်တွင်လည်း မူတည် သည်။ လွီယင် ရွာမှ တောင်သူလီချိန်ကျူး၏ စိုက်ခင်းမှာ ထူးခြား လှသည် - ငရုတ်ပင်စိုက်ခင်းပေါ်ရှိ စင်များတွင် ရွှေဝါရောင် ပင်မှည့်သီးများ တွဲ လောင်းကျနေသည်။ “ငရုတ်ပင်ပေါ်ကပင်မှည့် သီးညှပ်စိုက်ပျိုးခြင်းဖြစ် တယ်ဟု” သူက ဂုဏ်ယူစွာ မိတ်ဆက်ပေးသည်၊ “ငရုတ်သီး အထွက်နှုန်း မကျသည့်အပြင် မြေတစ်မိုမှာ ပင်မှည့် ၂ တန်လောက် ပိုထွက်တယ်၊ မြေတစ်ကွက်ထဲကနေ နှစ်ဆ ဝင်ငွေရတာပေါ့။” ဤစိုက်ပျိုးမော်ဒယ်သစ်ကို ပတ်ဝန်းကျင်ရှိ တောင်သူ ၃၀ဝ ကျော်ကအတုယူခဲ့ပြီး စုစုပေါင်း ဝင်ငွေ ယွမ် ၂ သန်းနီးပါး တိုးပွားစေခဲ့သည်။
လိုင်နန်ရွာသား ကျူးဟုန်ဝန် သည် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော ဆေးရွက်ကြီးစိုက်ပျိုးခြင်းကို စွန့်လွှတ်ပြီး ငရုတ်သီး ၈ မိုကို ပြောင်းလဲစိုက် ပျိုးခဲ့ရာ သာမန်တောင်သူဘဝမှ “ငရုတ်သီးစိုက်စံပြတောင်သူ” ဖြစ်လာခဲ့ သည်။ “ငရုတ်သီးစိုက်တာက ဆေးရွက်ကြီးလောက် စိတ်မပန်းရဘူး၊ ဝင်ငွေ ကလည်း တိုးတယ်။ မနှစ်က ကျွန်တော့်ရဲ့ မြေ ၈ မိုကနေ ဒီလောက်ရခဲ့တယ်” ဟု ဆိုကာ လက်ချောင်းနှစ်ချောင်းကို ထောင်ပြရင်း “ယွမ် ၂ သိန်းဝန်းကျင် လောက်ရတယ်၊ ဘဝက တကယ်ကို ပြောင်းလဲသွားတယ်”ဟု ပြောသည်။
“မန်ဟိုင်းမှစတင်၍ တစ်ပြည်နယ်လုံးသို့”
မန်ဟိုင်းသည် ငရုတ်သီးစိုက်ပျိုးရေးမူဝါဒ၏ “မူလဒေသ” သာမက တစ်ပြည်နယ်လုံးရှိ ထူးခြားသောထွက်ကုန် စိုက်ပျိုးရေးကဏ္ဍကို တွန်းအား ပေးသည့် အင်ဂျင်တစ်ခု ဖြစ်လာခဲ့သည်။ ထိပ်တန်းကုမ္ပဏီများသည် မန်ဟိုင်းအား ဗဟိုစမ်းသပ်စိုက်ကွင်းအဖြစ် ထားရှိပြီး မျိုးစေ့၊ နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် ပြန်ဝယ်ယူမှု တို့ကို တစ်ပြေးညီ စံချိန်စံညွှန်းသတ်မှတ်ကာ ၂၀၂၅ ခုနှစ်တွင် ပြည်နယ်အတွင်းရှိ အခြားမြို့ရွာများ၌ မို ၂၀ဝ၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သဖြင့် မန်ဟိုင်းက ဦးဆောင်ပြီး တစ်ပြည်နယ်လုံးက လိုက်ပါလုပ်ဆောင်သည့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ပုံစံတစ်ခု ဖြစ်ပေါ် လာခဲ့သည်။
“မန်ဟိုင်းရဲ့ မော်ဒယ်က အောင်မြင်သွားပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ အခြားဒေသမှာ တိုးချဲ့ဖို့ ယုံကြည်ချက်နဲ့ အင်အားတွေ ရှိလာပါပြီ။” တက်ဟုန်း ဲကါက စိုက်ပျိုးရေးဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် တာဝန်ခံ လီချွမ် က ပြောသည်။ ယခုနှစ်တွင် ကုမ္ပဏီသည် တစ်ပြည်နယ်လုံးတွင် အကျိုး တူစိုက်ပျိုးဧရိယာကို မို ၇၀ဝ၀ အထိ တိုးချဲ့ရန် စီစဉ်ထားပြီး စုစုပေါင်း ထုတ်ကုန်တန်ဖိုး ယွမ် သိန်း ၁၀ဝ၀ ကျော်အထိ ရောက်ရှိရန် မျှော်မှန်းထား ကာ ငရုတ်သီးစိုက်ပျိုးရေးသည် တက်ဟုန်း ဒေသ၏ ထူးခြားသော စိုက်ပျိုး ရေး ဂုဏ်ဆောင်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။
ငရုတ်သီးတစ်တောင့်က နယ်စပ်မြို့လေးကို ကျော်ကြားစေပြီး နယ်စပ်ဒေသ ပြည်သူများကို ကြီးပွားစေခဲ့သည်။ မန်ဟိုင်းမှ ပေါက်ဖွားလာသော ငရုတ်သီး မျိုးစေ့များသည် မြေဆီအာဟာရကြွယ်ဝသော တက်ဟုန်းမြေပေါ်တွင် ရှင်သန်ကြီးထွားလာပြီး နယ်စပ်တောင်သူများ ဝင်ငွေတိုးကာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ စည်ပင်ဝပြောရေး အတွက် သွင်း အားစုများပေးခဲ့သည်။ ဤရဲရဲတောက် အနီရောင် ငရုတ်သီး သည် တောင်သူများ၏လူမှုစီးပွားဘဝကို တောက်ပစေရုံသာမက နယ်စပ် ဒေသ၏ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသော ပုံရိပ်ကိုလည်း ဖော်ဆောင်ပေး လျက်ရှိသည်။
德宏网(edehong.com)