(သတင်းစဉ်) မကြာသေးမီက မန်စီ မန်ဟိုင်းလမ်းကြောင်းတွင် နှစ်စဉ် ခရီးသည်စီးဆင်းမှု လူ ငါးသိန်းအထိ ထိုးဖောက်ခဲ့ရာ သမိုင်းဝင် မှတ်တမ်းအဖြစ် စံချိန်ချိုးခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြံကြိတ်ရာသီ လည်း စတင်လာပြီဖြစ်ရာ အဆိုပါလမ်းကြောင်းမှာ ခရီးသည်နှင့်ကုန် စည် ဝင်ထွက်သွားလာမှုအထွတ်အထိပ်၏ စမ်းသပ်မှုကို ရင်ဆိုင်နေရပါ တော့သည်။

မန်ဟိုင်းလမ်းကြောင်းသည် မန်စီမြို့၏ ဠငျငအVisit China ESifh Shopping China ကို အားကောင်းစေရန်နှင့် ဒေသတွင်းလူပုဂ္ဂိုလ်များ ကူးလူးဆက်ဆံရေးအတွက် အချက်အချာဖြစ်သည်။ လမ်းကြောင်းချောမွေ့ ပြီး ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ရေးအတွက် အဓိကတာဝန်ယူဆောင် ရွက်လျက်ရှိသည့် ဝမ်တိန် ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးစခန်း မန်ဟိုင်းစခန်းခွဲသည် ယခုနှစ်ကတည်းက တာဝန်ကျရဲအင်အားများကို သိပံ္ပနည်းကျ စီမံခန့်ခွဲပြီး နယ်စပ်ဂိတ်ခီရးသည်စီးဆင်းမှုအထွတ်အထိပ် အခြေအနေကို ကြိုတင်မှန်းဆခြင်း၊ လိုအပ်သည့် ဆောင်ရွက်ချက်များ စီမံခြင်းနှင့် ပြည်ဝင်ပြည်ထွက် ခရီးသည်များအား နွေးထွေးစွာ သတိပေး ခြင်း၊ လမ်းကြောင်းတိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် လမ်းလွှဲစိစစ်ခြင်းစသည့် လုပ်ဆောင်ချက်များအားဖြင့် ခရီးသည်များ၏ စောင့်ဆိုင်းချိန်ကို လျော့ နည်းတိုတောင်းစေပါသည်။
ကုန်စည်ပစ္စည်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကြံကြိတ်ရာသီ၏ လိုအပ်ချက်အရ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း သီးသန့်လမ်းကြောင်းကို ဖွင့်လှစ်ကာ ကြိုတင် အကောက်ခွန်ကြေညာခြင်း၊ ဦးစားပေးစစ်ဆေးခြင်း ဝန်ဆောင်မှုတို့ဖြင့် အခုရောက် ခုစစ်ဆေး၊ အမြန်ဆုံး လွှတ်ပေးခြင်းကို အကောင်အထည်ဖော်နိုင်ကာ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တည်ငြိမ်မှုအတွက် ဆက်လက်အာမခံမှုပေးလျက်ရှိသည်။
မန်စီပေါင်းစပ်မီဒီယာစင်တာ
德宏网(edehong.com)